Wednesday, July 31, 2013


" ရှင် …မပြေးဘူးလား ….ကိုဘိုမောင် ….ပြေးတော့လေ….."
" ငါ့မှာ ဘာအပြစ်မှမရှိပါဘူးကွာ…."
" သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး…."
" မင်းသာ လွတ်အောင်ပြေးတော့ …မရှမ်းမ…."

( ခေါင်းဖြတ်အသတ်ခံရသော ….
တန့် ဆည်ရဲစခန်းမှ ရဲတပ်သားဦးဘိုမောင် (၅၄နှစ်) နှင့် ….
သူ့ ဇနီးတို့ နောက်ဆုံး အပြန်အလှန်ပြောစကား )

---------------------------------------------------------

" ကျွန်တော့်ကို ဘုရားဝတ်ပြုခွင့် ပေးပါ….
ပြီးရင် …ဒီနာရီလေးကို အမေ့ဆီ ပြန်ပို့ ပေးပါဗျာ…."

( တန့် ဆည် ရွှေကတော် သပိတ်စခန်းရှေ့ တွင်……
ခေါင်းဖြတ် သတ်ခံရပြီးနောက်….
အလောင်းမှ ပေါင်သားများကို ….
လှီးဖြတ် ချက်ပြုတ် စားသောက်ခံရသော …..
တန့် ဆည် ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်သန်း၏…
နောက်ဆုံး အသနားခံချက် )

------------------------------------------------

" ကျွန်တော်လဲ ဒဏ်ရာတွေအများကြီးရထားပါပြီ…
ဒီလောက်ဆိုကျေနပ်ပါတော့….
ကျွန်တော့် အသက်ကိုတော့ ချမ်းသာပေးပါ…."

( ရင်ခွဲပြီး အသည်းကို ထုတ်ယူ စားသောက်ခံရသော …..
တန့် ဆည် မြို့ နယ် ရဲတပ်ဖွဲ့ မှူး ဦးသန်းမြင့် ၏ …..
နောက်ဆုံးတောင်းပန်စကား )

--------------------------------------------------------

(၁၃.၉.၁၉၈၈ရက်နေ့ တွင် …..
၈၈ အကြမ်းဖက်သမား ချိုထွန်း နှင့် …..
အပေါင်းအပါ ၂၃ ဦး ပါဝင်ဆင်နွှဲသော…..
လူအုပ်စုကြီး၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် …..
တန့် ဆည် ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များအား …..
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အကြို …..
အမှတ်ရစွာ အလေးပြုအပ်ပါသည်။)

( အလေးပြုနေတဲ့ ရဲမိုး )

From:Ye Moe Facebook
၈၈မျိုးဆက် အာဖျန်ခွီးများအုပ်စု
ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းများနှင့် အစိုးရအနေဖြင့် တစ်တပ်တအား ကြိုးစားနေကြသည်။ အရာအားလုံး အစိုးရ ကိုချည်း လက်ညိုးထိုး၍မရပါ။ အစိုးရဘက်လိုက်၍ပြောခြင်းမဟုတ်ပါ။ သူတို့လည်း အားနည်းချက် တွေကို ပြုပြင်နေတာ မြင်သာပါသည်။ တစ်နယ်တစ်ကျေးက လာရောက်ပြီး တစ်ဝမ်းတစ်ခါးမှသည် မိသားစုအရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်ရင်း အဆင်ပြေရာနေရာများတွင်နေထိုင် ကြရာမှများပြားလာသော အင်အားသည် ဖရိုဖရဲ ကြိုးတိုးကျဲတဲ မဟုတ်ပဲ သောင်းပြောင်းထွေလာ စုစည်းနေရာ ပျံကျအုပ်စုများဖြစ်ပေါ်လာပြီး မှုခင်းရပ်ဝန်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ညီညွတ်မှုမရှိသည့် ကျူးကျော် နေထိုင်သူအုပ်စုများဖြစ်လာကြသည်။ ၎င်းတို့ကို လူသားချင်းစာနာ ထောက်ထားစွာ ပညာပေးခြင်း၊ ကူညီဖေးမပေးခြင်းများနှင့်အတူ စနစ်တကျနေရာရရှိရေး ဆောင်ရွက် ပေးရမည်ဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးနှင့်အညီ မြို့တော်အင်္ဂါရပ်များ ညီညွတ်စေရန် မြို့တော်ကြီးများတွင် ဆောင်ရွက်ချက်များမှ တစ်ချက်ဖြစ်သည့် ကျူးကျော်နေအိမ်များ ဖယ်ရှားပြီး စနစ်တကျ မြေနေရာချပေးမှုတွေ ဆောင်ရွက်နေတာ ကြားရသည်။  ထို့လျောက် မြို့တော် တာဝန်ရှိသူများအနေဖြင့်လည်း တတ်စွမ်းသလောက် ဆောင်ရွက်နေကြသည်။ ရိုးသားမှုမရှိသူများမှ ကျူးကျော် နေအိမ် မိသားစုတစ်စုတည်းကိုပဲ မိသားစုကို ဖဲ့ထုတ်ကာ မိသားစု ၅ ယောက်ရှိလျှင် တဲအိမ်ငယ် ၅ လုံး ဆောက်လုပ်လျက် မြေနေရာသစ်တွင် ၅ နေရာရရှိရေးအတွက် အဆင့်အတန်းမရှိ ဆောင်ရွက်နေ ကြသည်။ ဒီမိုကရေစီစနစ်ကိုနားမလည်သော်လည်း ၎င်းတို့နားလည်သလို အလွဲသုံးစား ဒီမိုကရေစီ ပြုလုပ်ကြသည်။
ရိုးသားသည့် ကျူးကျော်မိသားစုများသည်လည်း စည်းရုံးခံရမှုအောက်တွင် နားယောင်သွားကြ သည်။ အထူးသဖြင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်မည်ဟု လျှာအရိုးမရှိတိုင်း အပေါစားစည်းရုံးရေး ဆောင်ရွက်နေသူများမှာ အဓိကတရားခံဖြစ်ပါသည်။ ဥပမာအနေဖြင့် ဇွန်လ ၁၀ ရက်နေ့ သင်္ဃန်းကျွန်း မြို့နယ် ၈၈ ကျောင်းသားများအဖွဲ့ရုံးကို ဒဂုံမြို့သစ်(တောင်ပိုင်း) ကျူးကျော်နေထိုင်သူများနှင့် ပြည်တွင်း သတင်းထောက်တို့ လူအုပ်စုဖြင့် လာရောက်အကူအညီတောင်းခံကြသည်။ ၈၈ မျိုးဆက် များအနေဖြင့် မည်သည့်နေရာမှကောင်းမွန်သော လုပ်ဆောင်ချက်များ ဖော်ဆောင်ပြသနိုင်ခြင်းမရှိသည့် အတွက် တဖြည်းဖြည်းနှင့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း၊ လူထုတို့၏ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင် နေရချိန် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အဓိကနောက်လိုက်များအဖြစ် ကျူးကျော်ထဲမှာ တောင်မှ အဆင့်အတန်းမဲ့စွာ ကိုယ်ကျိုးအတ္တလွန်ကဲသည့်သူများ ပေါ်ပေါက်လာတယ်။
      ၈၈ မျိုးဆက်သစ်ကျောင်းသားများ အနေဖြင့် ပြန်သုံးသပ်ကြပါ။ မိမိတို့ အဆင့်အတန်းဘယ် လောက်ရောက်နေပြီလဲ။ ပြောတာပြောရတယ် ဘယ်တုန်းကမှ ဘာအဆင့်မှ မရှိခဲ့တဲ့အဖွဲ့ပဲ။ ပြည်တွင်း ပြည်ပ နိုင်ငံရေးအကြောင်းပြ မဟာဗျူဟာမြောက် လှုပ်ရှားသူများရဲ့ ကြိုးဆွဲရာ ကခဲ့ကြတာပဲ မဟုတ် ပါလား။ ကျူးကျော် အိမ်ရာတွေ နေရာသစ်မှာ မြေကွက်ရလျှင် ၈၈ အဖွဲ့တွေတွက် ကျေးဇူးဆပ်ဦးမယ် ဆိုဘဲ။ ရိုက်ချက်ကတော့ မိုက်တီးတော့ မဟုတ်ဘူး။ မိုက်ရိုင်းနေတာချည်းပါပဲ။ တစ်ခုတော့ နားလည် ပေးပါတယ်။ ၈၈ အဖွဲ့တွေ ဒါမျိုးတွေလုပ်နေမှ မိသားစုရပ်တည်နေနိုင်မှာ မဟုတ်ပါလား။ ဒါပေမယ့် အခြေအနေကြည့်လုပ်ကြပါ၊ မင်းတို့ကို လက်ခံတဲ့လူတွေက ဘယ်အဆင့်တွေလဲ၊ မင်းတို့ကို လက်မခံ တော့တဲ့သူတွေက ဘယ်လိုလူတွေလဲ၊ မင်းတို့ကတော့ ရေနစ်သလိုပဲ ရရာကို ဖမ်းဆွဲ၊ ရုန်းကန်နေရင်းနဲ့ ကျော်သူရဲ့ နာရေးကူညီမှုကို အားကိုးနေကြတယ်လို့ မြင်မိတယ်။ ဘာပဲပြောပြော ဘဝကူးကောင်းစေဖို့ နောက်မကျသေးပါဘူး။ ကိုယ်မလုပ်နိုင်ရင်နေပါ၊ သာဓုတစ်ကြိမ် ခေါ်ချိန်မှီရင်တောင် အပယ်ငရဲက လွတ်ကောင်းလွတ်နိုင်ပါသေးတယ်။
ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး

သံပရာသီး ၂၀-လုံး


သကြား ၁၀-ကျပ်သား


သိန္ဓော ၂-ကျပ်သား


ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။


အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။


သစ္စာရည် (ဝါးခယ်မ)


(နက္ခတ္တ ၂၀၀၇-၄)

အငြင်းပွားစရာ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ မေးခွန်းထုတ်ခံရသူတွေကြားမှာဆန့်ကျင်ဖက်အဖြေနှစ်ခုထွက်ပေါ်လာမှာ သေချာပါတယ်။ မေးခွန်းကတိုတိုလေးဆိုပေမယ့် မေးခွန်းမှာပါတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်အတိမ်အနက်ကို သေချာနားလည်သဘောပေါက်အောင် မကြိုးစားပဲ လက်ရှိမြင်နေ၊ကြားနေရတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ချက်ချင်းအဖြေပေးကြမယ် ထင်ပါတယ်။ အဓိက ပြောချင်တာက ရှုံ့ချတာနဲ့ ဝေဖန်တာ မတူဘူးဆိုတဲ့အချက်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေသားဖွားနှုန်းကန့်သတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်မှုကြောင့် လူမှုဆက်သွယ်ရေးကွန်ယက် စာမျက်နှာတွေမှာ မြန်မာပြည်သူတွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။ ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီး အဲဒီဝေဖန်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တပြိုင်နက်ထွက်ပေါ်လာခဲ့ပါတယ်။ ဝေဖန်မှုတွေကနေ တဆင့်တက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆန့်ကျင်ဆန္ဒပြဖို့အထိ နှိုးဆော်မှုတွေဖြစ်လာတော့ ၀ံသာနုအနေနဲ့ ဆန့်ကျင်ရှုံ့ချသင့်တယ်လို့ ယူဆနေတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေအပေါ် မေးခွန်းထုတ်လိုတဲ့ဆန္ဒ ရှိလာခဲ့ပါတယ်။

ပထမဦးဆုံးမေးချင်တဲ့ မေးခွန်းတစ်ခုကတော့ NLD ဟာ တရားမ၀င်ဘင်္ဂလီတွေအဆမတန်မွေးဖွားနှုန်း မြင့်တက်နေမှုနဲ့ ပတ်သက်ပြီး တစ်စုံတရာ တာဝန်ရှိပါသလား။ ဘင်္ဂလီတွေကို မွေးဖွားနှုန်းကန့်သတ်ဖို့ ယခင်စစ်အစိုးရလက်ထက်ကတည်းက ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာဝန်ထမ်းတွေအတွက် စားပေါက်ဖန်တီးပေးရုံကလွဲပြီး ဘာမှထိရောက်မှုမရှိခဲ့ပါဘူး။ ပိုက်ဆံပေးရင် ကြိုက်သလောက်မွေးလို့ရနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ဘင်္ဂလီဦးရေ ကြောက်ခမန်းလိလိ တိုးပွားလာခြင်းဟာ ခုမှလွှတ်တော်ထဲမှာ အမတ်နေရာလေးဆယ်ကျော်လေး ရထားတာ သိပ်မကြာသေးတဲ့ NLD မှာ တာဝန်ရှိပါသလား။ အရင်စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသူတွေမှာ တာဝန်ရှိပါသလား။ တရားခံဘယ်သူဖြစ်မယ် ထင်ပါသလဲ။ ဖြေကြည့်ပါ။

နောက်တစ်ချက် စဉ်းစားစရာရှိနေတာက ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတဲ့ ကန့်သတ်ချက်အပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်မှုပါ။ သူမရဲ့ဝေဖန်မှုကြောင့် နိုင်ငံတကာ မီဒီယာတွေမှာ မီးမောင်းထိုးပြစရာဖြစ်လာပြီးတော့ အမေရိကန်နဲ့ Human Right Watch လို အဖွဲ့တွေရဲ့ ဆန့်ကျင်ရှုံ့ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သူမရဲ့ဝေဖန်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်တင်ဝေဖန်မှုမျိုး မဟုတ်ပဲ သတင်းထောက်တစ်ယောက်က ရုတ်တရက်မေးခွန်းထုတ်တာကို ပြန်ဖြေကြားခဲ့ခြင်းလောက်ပဲ ဖြစ်တယ်ဆိုတာကို အင်တာဗျူးရုပ်သံ ကြည့်ဖူးသူတွေ တွေ့မြင်ကြပြီး ဖြစ်ပါလိမ့်မယ်။ ၀ံသာနုရဲ့အမြင်ကို ပြောရရင် သူမစကားရဲ့ ရိုက်ခတ်မှုဟာ နိုင်ငံတကာထိရောက်သွားပေမယ့် သူမဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စအပေါ် ရည်ရွယ်ချက်ရှိရှိဖိအားပေးဖို့ အစီအစဉ်ရှိပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အင်တာဗျူးအဖြေကို သဘောမကျတဲ့အတွက် ၀ံသာနုအနေနဲ့ တုန့်ပြန်ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အနေနဲ့ ဒီကိစ္စအပေါ်မှာ ဆန့်ကျင်စွက်ဖက်ဖို့ မကြိုးစားမချင်း ၀ံသာနုဖက်က ဆန့်ကျင်ရှုံ့ချပြစ်တင်ဖို့အထိ လုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲဒီတော့ခါ ခုချိန်မှာ NLDကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆထားသူတွေအနေနဲ့ မလိုအပ်ပဲအချိန်မဖြုန်းကြဖို့ မေတ္တာရပ်ခံပါရစေ။ ထပ်ပြောပါမယ်။ ဝေဖန်တာနဲ့ ဆန့်ကျင်ရှုံ့ချတာ လုံးဝမတူပါဘူး။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ၁၉၈၂မြန်မာနိုင်ငံသားဥပဒေကိုသာ ပြင်ဖြစ်မယ်ဆိုရင် ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလိမ့်မယ်လို့ VOA အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ဘင်္ဂလီတွေကို တိုင်းရင်းသား၊ နိုင်ငံသားအဖြစ် NLD ကအသိအမှတ် မပြုရသေးတဲ့အကြောင်းနဲ့ ဘင်္ဂလီတွေခေါ်ခံချင်တဲ့ ရိုဟင်ဂျာနာမည်ဟာ မြန်မာ့သမိုင်းမှာတစ်ခါမှ မရှိခဲ့တဲ့အတွက် ဘယ်တော့မှခေါ်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။ ဒီကိစ္စဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးအဖြေလိုပဲ ထပ်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် NLD ကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆနေသူများအတွက် ဦးဥာဏ်ဝင်းရဲ့ အဖြေကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရအောင်ပါ။ ဦးဥာဏ်ဝင်းက NLD အနေနဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဖို့ကြိုးစားမယ်လို့ မပြောခဲ့ပါဘူး။ ခုခေတ် လွှတ်တော်မှာ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ကြိုးစားတာဟာ ဘယ်လောက်ထိခက်ခဲမလဲဆိုတာ လူတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် NLD လိုအမတ်နေရာလက်တစ်ဆုပ်စာပဲ ရှိသေးတဲ့ ပါတီမျိုးက ပြင်ဖို့ကြိုးစားမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ NLD ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီဥပဒေကို ပြင်ဆင်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ပါဘူး။ သူတို့အတွက် အသက်တမျှအရေးကြီးတဲ့တခြားဥပဒေတွေကိုပဲ ပြင်ဆင်ဖို့ကြိုးစားမှာပါ။ နောက်တစ်ချက်ပြောချင်တာက ဒီ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတဲ့ ပါတီ ဘယ်ပါတီပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးမှာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူဖြစ်သွားပါလိမ့်မယ်။ NLD အနေနဲ့ အဲဒီလောက်မိုက်မဲလိမ့်မယ်လို့ ၀ံသာနုအနေနဲ့ လုံးဝမထင်ပါဘူး။ ဘင်္ဂလီတွေရဲ့ ရိုဟင်ဂျာနာမည်နဲ့ပတ်သက်ပြီး NLDရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ သူတို့ကို ဥပဒေပြင်ပြီးမှသာ နိုင်ငံသားပေးဖို့ ဆန္ဒရှိလိမ့်မယ်ဆိုတာက ဒီအရေးနဲ့ပတ်သက်ပြီးNLDအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားကို လျှော့ပါးဖို့ သံတမန်ဆန်ဆန် ပြောဆိုသွားတာပါ။

ဒုတိယမြောက်မေးခွန်းကတော့ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး NLD ရဲ့ရပ်တည်ချက်ဟာ အားရစရာမကောင်းဘူး ဆိုသူများအတွက် ဖြစ်ပါတယ်။ မှန်ပါတယ်။ ၀ံသာနုအနေနဲ့လည်း အားရစရာကောင်းတယ်လို့ လုံးဝမမြင်ပါဘူး။ အဲဒီတော့ဆန့်ကျင်ဖက်အုပ်စုကို လေ့လာကြည့်ရအောင်ပါ။ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်ချက်ကရော NLD ထက် ဘယ်လောက်များ ပိုသာနေသလဲ။ အာဏာရအစိုးရဖြစ်တဲ့အတွက် ရပ်တည်ချက်တင်မကပဲ လုပ်ဆောင်ချက်တွေအပေါ်မှာပါ ဝေဖန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ အဲဒီရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်နှစ်ခုစလုံးဟာ အမျိုးသားရေးဝါဒီတွေအပါအ၀င် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ကျေနပ်အားရစရာ အနေအထားမှာ ရှိနေပါသလား။ ဒီမေးခွန်းကို အောက်မှာ ရေးထားတာတွေကို ဆက်မဖတ်ခင် ကိုယ့်ဘာသာဖြေကြည့်ပါ။

လွှတ်တော်မှာ နေရာအများစုကို လက်ဝါးကြီးအုပ်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီကို ဖိအားကောင်းကောင်းပေးနိုင်တဲ့ အတိုက်အခံပါတီ လွှတ်တော်မှာ မရှိသေးပါဘူး။ ဆန္ဒရှိသလောက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့အနေအထားမှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ဘင်္ဂလီတွေကို ပြည်သူတွေကျေနပ်လောက်အောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါလား။ ၀ံသာနုရဲ့အမြင်ကို ပြောရရင်တော့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ စုတ်ပြတ်သတ်လောက်အောင်စိတ်ပျက်စရာကောင်းနေပါတယ်။ ပြတ်ပြတ်သားသား လုံးဝမရှိပဲ တချိန်ကလူသိရှင်ကြားပြောခဲ့တဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာထားပြီး တတိယနိုင်ငံတွေကိုပို့မယ်ဆိုတဲ့ စကားဟာ လူတွေရုတ်ရုတ်သဲသဲထောက်ခံပြီး မကြာခင်မှာပဲ ထပ်ပြောတဲ့ ခိုးဝင်လာတဲ့လူမရှိပါဘူးဆိုတဲ့စကားအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလောက်ထိ အဓိကရုဏ်းတွေ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ကြားထဲမှာတောင် မကြာခဏဖမ်းမိနေတဲ့ ဘင်္ဂလီတွေရဲ့သတင်းကို ကြည့်ရင် ဆယ်စုနှစ်ပေါင်းများစွာအကျင့်ပျက်ခြစားတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာ မြန်မာနိုင်ငံထဲ နည်းလမ်းအမျိုးမျိုးနဲ့ အလွယ်တကူခိုးဝင်ခဲ့တဲ့ ဘင်္ဂလီတွေ ဘယ်လောက်တောင်ရှိနိုင်မလဲ။ ခု ပြည်မမှာဖြစ်သွားတဲ့ အဓိကရုဏ်းတွေဟာ မြန်မာပြည်ထဲရောက်နေပြီး မြန်မာ့လူနေမှုစရိုက်နဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့ တစ်ဖက်က လူမျိုးရေးဝါဒီတွေ ထိပ်တိုက်တွေ့တဲ့ပွဲလို့ ယေဘုယျသုံးသပ်ရင် ရပါတယ်။ ဘိုးစဉ်ဘောင်ဆက် မြန်မာ့လူနေမှုစနစ်မှာ ပျော်ဝင်ပြီးသား မူဆလင်တွေလိုမျိုး မဟုတ်တဲ့အတွက် ကွဲပြားရာကနေ အပြန်အလှန်ခွဲခြား၊ အပြန်အလှန်ခွဲခြားရာကနေထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အဓိကရုဏ်းတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ် မထိန်းသိမ်းနိုင်တဲ့အတွက် ကြားထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာတွေလည်း အများကြီးပါ။

နောက်တစ်ချက်က နယ်စပ်လုံခြုံရေးပါ။ တဖက်နိုင်ငံမှာ အခြေစိုက်နေတဲ့ အကြမ်းဖက်သမားတွေက မြန်မာ့အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ပြည်သူတွေတင်မက တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ကိုပါ ပြန်ပေးဆွဲသတ်ဖြတ်တဲ့အထိ အတင့်ရဲနေတဲ့အပေါ် အာဏာရအစိုးရရဲ့ တုန့်ပြန်မှုက အားရစရာတစ်ကွက်မှမရှိခဲ့ပါဘူး။ ခုထိလည်း လျော့ရဲနေဆဲပါ။ တပ်မတော်ကို ကျောထောက်နောက်ခံပြုထားတဲ့ တစ်ခုတည်းသော အာဏာရပါတီအနေနဲ့ လုံခြုံရေးကဏ္ဍမှာ ဒီထက်မကစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို သြဇာသက်ရောက်မှု မရှိတဲ့အချက်ကြောင့် တချို့တိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ခြင်း လုံးဝမရှိတာကို တွေ့မြင်နေရပါတယ်။ အဲဒီကိစ္စရပ်တွေအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အာဏာရအစိုးရမှာ တာဝန်အပြည့်အ၀ရှိနေပါတယ်။ ဒါပေမယ့် ခုချိန်ထိ သမ္မတဦးသိန်းစိန်ကို ဆန့်ကျင်ရှုံ့ချဖို့ အမျိုးသားရေးလှုပ်ရှားသူများ စဉ်းစားဖူးပါသလား။ မစဉ်းစားဖူးဘူးဆိုရင် NLD ကိုဆန့်ကျင်ရှုံ့ချ ဆန္ဒပြမယ့် အစီအစဉ်ကို မေ့ပစ်လိုက်ပါလို့ အကြံပေးပါရစေ။

တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ဦးကို ထောက်ခံဖို့ဆန္ဒပြခြင်းနဲ့ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဆန့်ကျင်ရှုံ့ချဖို့ ဆန္ဒပြခြင်းဟာ ရလာဒ်က တော်တော်လေးကို ကွဲပြားပါတယ်။ အမျိုးသားရေးလှုပ်ရှားသူမှန်ရင် လူထုအားနဲ့ နိုင်ငံရေးလောကထဲက အဖွဲ့အစည်းတွေကို ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ထိန်းကျောင်းတတ်ရပါမယ်။ အဲလိုထိန်းကျောင်းတဲ့နေရာမှာ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲထားလို့ မဖြစ်ပါဘူး။ နောက်ပြီးတော့ စိတ်ခံစားချက်ဦးစားပေးပြီး တစ်ဖက်တည်းကိုပဲ လိုအပ်တာထက် ပိုပြီးဖိအားပေးမယ်ဆိုရင် နောက်တစ်ဖက်ကို ထိန်းဖို့မလွယ်ဖြစ်သွားတတ်ပါတယ်။ ခု NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရှုံ့ချဆန္ဒပြခြင်းဟာ သူတို့ကို အမျိုးသားရေးလမ်းကြောင်းပေါ်ကနေ ဒီထက်ပိုပြီး သွေဖည်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါလိမ့်မယ်။ အဲဒါကြောင့် ဘင်္ဂလီသားဖွားနှုန်းကန့်သတ်ချက်ကို ထောက်ခံကြောင်း ဆန္ဒပြမယ်ဆိုရင် NLDကိုဆန့်ကျင်ရှုံ့ချကြောင်း လုံးဝမပါသင့်ပါဘူး။ နောက်ပြီး အဒီဲလိုလုပ်ဆောင်ခြင်းဟာ အမျိုးသားရေးလှုပ်ရှားသူတွေကို ကိုယ့်သဘောနဲ့ကိုယ် အာဏာရပါတီရဲ့ အသုံးချခံသက်သက် ဖြစ်သွားစေပါလိမ့်မယ်။ အမျိုးသားရေးသမားဟာ လူပုဂ္ဂိုလ်အဖွဲ့အစည်း တစ်စုံတစ်ရာရဲ့ အသုံးချခံဖြစ်လို့မရပါဘူး။ ဒီအချက်နဲ့ဆက်စပ်ပြီး ပြောချင်တာက အမျိုးသားရေးရည်မှန်းချက်နဲ့ ပါတီနိုင်ငံရေးလောကထဲ လှုပ်ရှားနေသူတွေ၊ ၀င်ရောက်မယ့်သူတွေဟာ မိမိကိုယ်တိုင်နဲ့ မိမိရဲ့အဖွဲ့အစည်းကို လက်ရှိအာဏာရပါတီရဲ့ အသုံးချခံမဖြစ်အောင် သတိထားဖို့မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီလိုသတိမထားရင် မိမိတို့ပါတီအဖွဲ့အစည်းဟာ အတိုက်အခံလူ့အခွင့်အရေးဝါဒီတွေကို ထိပ်တိုက်ရင်ဆိုင်စေပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အစိုးရရဲ့ လက်ပါးစေသက်သက် ဖြစ်သွားပါလိမ့်မယ်။ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်တဲ့နေရာမှာ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ သဘာဝသယံဇာတတွေ ထုတ်ယူအလွဲသုံးစားလုပ်နေတာတွေကို မကာကွယ်ပဲ မိမိလူမျိုး အကျိုးစီးပွားကို မြှင့်တင်ဖို့မကြိုးစားပဲ ဘာသာခြားဆန့်ကျင်ရေးသက်သက် ဇောက်ချလုပ်မယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ နိုင်ငံရေးလောကမှာ ဇာတ်သိမ်းလှနိုင်မယ် မထင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြံပြုလိုတာက လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးစည်းရုံးကြည့်စေချင်ပါတယ်။ ဒါမှလည်း တစ်ဖက်က သံသယတွေကို ပြေပြေလည်လည်ဖြေရှင်းခွင့်ရပြီး အပြုသဘောပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်တဲ့ အနေအထားကို ရရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

နောက်ဆုံးအနေနဲ့ NLDနဲ့ ကြံ့ခိုင်ရေးအပါအ၀င် လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို သတိပေးချင်တာကတော့ ဘယ်မဲဆန္ဒနယ်မှာမဆို မူဆလင်အမတ်လောင်း ထည့်သွင်းယှဉ်ပြိုင်မယ့် ပါတီကို အဲဒီပါတီရဲ့အမာခံထောက်ခံသူတွေကလွဲရင် တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်တွေ No Vote လုပ်ဖို့ အလားအလာရှိနေပါတယ်။ အသည်းကြားကမဲအများအပြားကို လိုချင်ရင် ခုကတည်းက ကုလားကို ဝေရာမဏိလုပ်ဖို့ အကြံပြုလိုက်ပါရစေ။

အပေါ်မှာတင်ပြသွားတဲ့အချက်တွေဟာ ၀ံသာနုရဲ့ ပုဂ္ဂလိကအမြင်တွေပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြောင်း ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

From: ၀ံသာနု
မြ၀တီမြို့၏ အဓိက လမ်းမကြီးတစ်ခုဖြစ်သော ဘုရင့်နောင် လမ်းမကြီးပေါ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
သောင်ရင်းမြစ် ရေတက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော မြ၀တီမြို့တွင် ဇူလိုင် ၃၀ ရက်က ရေငါးပေခန့် ထပ်မံမြင့်တက်ခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ရေကြီးမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအားလုံး ရေနစ်မြုပ်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်များအားလုံး ပိတ်ထားရကြောင်း သိရသည်။

"ဒီနှစ်ရေကြီးတာ တော်တော်ဆိုးပါတယ်။ မြ၀တီမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ဘုရင့်နောင် လမ်းမကြီးပေါ်မှာဆိုရင် ရဲစခန်းရှေ့ကနေ ချစ်ကြည်ရေးတံတားအထိ လူတစ်ရပ်နီးပါးလောက် ရှိပါတယ်။ တစ်ထပ်အိမ်နဲ့ နှစ်ထပ်အိမ်က လူတွေကိုတော့ လှေတွေနဲ့ သွားကယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပို့ဆောင်ထားပါတယ်။ အခု မြစ်နားမှာရှိတဲ့ သုံးထပ်အိမ်က လူတွေကို လှေတွေနဲ့ သွားကယ်နေကြပါတယ်" ဟု မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။


လက်ရှိအချိန်တွင် ရေဘေးသင့်သူများအား ကုန်းမြင့်နေရာများတွင်ရှိသည့် တောရကျောင်း၊ ဒဟတ်တောကျောင်း၊ ဟေမာန်ဦးကျောင်း၊ တောင်တန်းကျောင်း၊ မိကျောင်းကုန်းကျောင်း၊ ဖားခြောက်ကောင်ကျောင်း၊ ပြည်တော်ဝင် ဓမ္မရိပ်သာ၊ ဓိဋ္ဌာန်အောင် ဓမ္မာရုံ၊ ကျောက်လုံးကြီး ဓမ္မရိပ်သာ စသည့်နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း သိရသည်။


"မြ၀တီမြို့မှာ ၁၉၉၄ ၊ ၂၀၀၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်လောက်တော့ မဆိုးဘူး။ အခုက ကုန်းမြင့်နေရာ တချို့ကလွဲပြီး တစ်မြို့လုံး ရေကြီးမှုဒဏ်ကို ခံစားနေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။


လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဒေသများဖြစ်သော မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြ၀တီမြို့မှ သင်္ဃန်းညီနောင်သို့ သွားသည့်လမ်းအား ပိတ်ထားရကြောင်း သိရသည်။ ထို့အပြင် ဒေါနတောင်ပေါ် လမ်း၌လည်း သုံးနေရာခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်အထွက် တံတား၌လည်း ရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် ခရီးစဉ်များ ရပ်နားထားရကြောင်း သိရသည်။

by MON




















ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး
များရှိသွားလာ
ရန်ခက်ခဲသောကျေးရွာ(၇၈)ရွာတွင် ကျန်းမာရေးစီမံကိန်းများ
ဆောင်ရွက်ရန်အမေရိကန်ဒေါ်လာ(၆ဒသမ၅)သန်းကျော်ထောက်ပံ့သွား
မည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။ကျန်းမာရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင်
မိခင်၊ မွေးခင်းစနှင့် ကလေးများကျန်းမာရေးကိုအဓိကဆောင်ရွက်သွား
မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် အာရှဒေသနှင့် ကမ္ဘာပေါ်တွင်
မိခင်နှင့်ကလေးသေဆုံးမှုအများဆုံးနိုင်ငံတွင် ပါဝင်ပြီးသေဆုံးမှုအများစု
သည် ကြိုတင်ကာကွယ်ကုသနိုင်သောရောဂါများကြောင့်ဖြစ်သည်ဟု
ထုတ်ပြန်ချက်တွင်ပါရှိသည်။ဝေးလံပြီးသွားရောက်ရန် ခက်ခဲသောဒေသမှ
အကျိုးခံစားခွင့်ရှိသူ သုံးသောင်းကျော်အတွက် ငါးနှစ်တာစီမံချက်ကိုဇူလိုင်
လ(၂၉)ရက်နေ့ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း
တွင် အမျိုသားကြက်ခြေနီ အသင်းများက ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်

စီမံကိန်းအသစ်သည် ဒေသခံပြည်သူ
များ၏ ကျန်းမာရေးလုပ်သားနှင့် အရန်သားဖွားဆရာမများဖြစ်စေရန်
ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းသင်တန်းပို့ချသွားမည်ဖြစ်သည်ဟုသိရ
သည်။ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ဒိန်းမတ်ကြက်ခြေနီအသင်း၊ဗြိတိန်
ကြက်ခြေနီအသင်း၊နော်ဝေးကြက်ခြေနီအသင်း၊ သြစတြေးယားကြက်ခြေနီ
အသင်းနှင့် ဆွီဒင်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းနှင့် ပူးပေါင်းကာမြန်မာနိုင်ငံအတွင်းလူမှုဂရုဏာ
လုပ်ငန်းများဆောင်ရွက်ခြင်း ဖြစ်သည်။

SkyNet TV Browser

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင် အသံလွှင့် ဌာနတို့မှ သြဂုတ်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်နေ့ တို့၌ နံနက် (၇)နာရီ၊ နေ့လယ် (၁၁)နာရီ၊ ညနေ (၆) နာရီနှင့် ည (၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့် သွားမည် ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

 နေပြည်တော် ဇူလိုင် ၃၁

ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ၁၇၉နိုင်ငံတွင် အဆင့်(၁၇၁)ရှိပြီး ယခုလက်ရှိ အဆင့် (၁၅၁) အထိ မြင့်တက်လာကြောင်း Freedom House နှင့်ပြင်သစ်နယ်စည်းမခြား သတင်းထောက်အဖွဲ့ တို့က ပြုစုထုတ်ပြန်သည်။

ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏စာပေစိစစ်ရေးဖျက်သိမ်း ပြီးနောက်ပိုင်း သတင်းမီဒီယာများ၌ လွတ်လပ် စွာရေးသားဖော်ပြခွင့်ရရှိလာသဖြင့် နိုင်ငံ ၁၇၉ နိုင်ငံတွင် ယခုအဆင့်သို့ရောက်ရှိလာသည့်နောက် ပိုင်း ၂ဝ၁၁ခုနှစ်တွင်(၁၇၁)အဆင့်မှ အဆင့် ၂ဝ လျော့ကျသွားခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများ ၏ သတင်းလွတ်လပ်ခွင့်တွင် ထိုင်းနိုင်ငံသည် နံပါတ်(၁)၊ မြန်မာနိုင်ငံသည် အဆင့်(၇)တွင် ရပ်တည်လျက်ရှိကာ မြန်မာနိုင်ငံ၏အောက်တွင် လာအိုနှင့်ဗီယက်နမ်တို့ရှိကြောင်း သတင်းလွတ် လပ်ခွင့်ညွှန်းကိန်းများတွင် ဖော်ပြထားသည်။

''မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ စာနယ်ဇင်းကောင်စီတွေ၊ သတင်းမီဒီယာဥပဒေ တွေရှိတယ်။ အဲဒီမှာ သူတို့တွေက ဘာတွေကို ဖြေလျှော့လဲ၊ ဘာတွေကိုကိုင်ထားလဲ။ ဒါတွေ ကိုလေ့လာပြီးဆောင်ရွက်ရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က အဆင့်တက်လာမယ်'' ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ ဝင်ဦးသီဟစောကပြောသည်။

ပြည်သူ့လွှတ်တော်၌ ယခုလ ၁၄ရက်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေ ခြင်းလုပ်ငန်းဥပဒေကြမ်းတွင်ပြန်ကြားရေးဝန်ကြီး ဌာနနှင့် စာနယ်ဇင်းကောင်စီတို့အကြား သဘော တူသည့်အချက်များမပါဝင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးမည်ဟုအမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌက ယခုလ ၂၄ရက် စာနယ်ဇင်းကောင်စီ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ''အဓိကက ပုံနှိပ်ထုတ်ဝေမှုနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ က ထောက်ပြထားတဲ့အချက်တွေရှိတယ်။ လွှတ် တော်မှာတင်ပြီးသား ပုံနှိပ်ထုတ်ဝေရေးဥပဒေမှာ ပါတဲ့အချက်တွေမှာ ထိန်းချုပ်မှုပါတဲ့သဘောတွေ ရှိတယ်။ အဲ့ဒါတွေကိုပြင်နိုင်ရင် အဆင့်အတန်း မြင့်လာမှာပါ''ဟု ဦးသီဟစောကဆိုသည်။

ကမ္ဘာ့နိုင်ငံများ၏ သတင်းမီဒီယာလွတ် လပ်ခွင့်တွင် နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်ကဲ့သို့သော နိုင်ငံများက ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး အာရှ တွင် နံပါတ်(၁)အဆင့်၌ ရပ်တည်နေသည့် ဂျပန် နိုင်ငံသည် ကမ္ဘာတွင် အဆင့် (၅၃)ရှိကြောင်း သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းများအရသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကရေးဆွဲ၍ လွှတ်တော်သို့တင်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိသည့် သတင်းမီဒီယာဥပဒေကြမ်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် သတင်းမီဒီယာဥပဒေများကိုလေ့လာ၍ ရေးဆွဲ ထားကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ သိရသည်။

The Union Daily

Tuesday, July 30, 2013

                  
မိုက်ကယ်အဲရစ်+ဒေါ်အောင်ဆန်းစုကြည် မိသားစု
သို့  /

မေမေစု

မေမေ့ကိုလေ ကလေးဘဝ ထဲက
နာမည်ကြားရုံနဲ့တင်ဘာမှန်းမသိဘဲ
လေးစားခဲ့ရတာပါ
ခု ဆို သိတတ်တဲ့ အရွယ်ရောက် လာလေ
ပိုလေးစားလေပါပဲ ...

အမေစုကလေ ဘယ်တော့ကြည့်ကြည့်

ဖက်ရှင်ကျတဲ့ ဝတ်စုံဝမ်းဆက်နဲ့ မိတ်ကပ်အဖွေးသားမို့  အားကျမိပါတယ်
အမြဲတမ်း အသက်အရွယ်နဲ့မလိုက်ဖက်အောင်
နှုတ်ခမ်းနီအရဲသားနော်
အားကျတာပါ အားကျတာပါ ...

ပြီးတော့လေ မေမေ

ဘယ်သွားသွား တာ့တာလေးတပြပြနဲ့
ဓါတ်ပုံတွေကို ပိုစ့်အမျိုးမျိုးရိုက်တတ်တာကလဲ
မိန်းခလေးတစ်ယောက်အတွက် အားကျမိတဲ့တစ်ချက်ပါပဲ ။

မေမေ့ ယောင်္ကျားက အဖြူကောင်ကြီးနော်

ထားပါ ထားပါ ဒါက ပြီးခဲ့တာပြီးပါစေတော့နော်
သမီးဆိုလေ အင်္ဂလိပ်စာ အရမ်းကြောက်တတ်တာ
မေမေမွေးထားတဲ့ သားလေးတွေကျ
မြန်မာစကားတောင်မတတ်ဘူးဆို
အားကျလိုက်တာမေမေရယ် ...

ရှိသေးတယ် မေမေ နေအိမ်အကျယ်ချုပ် နေတုန်းကလေ

အင်းယားကန်ကို လက်ပစ်ကူးလာတဲ့ ဂျွန်ယက်တောကြီးကိုလေ
လူတွေက ဘာလိုလို ညာလိုလို လျှောက်ပြောကြတာ
သမီးသိပ်မုန်းတယ်မေမေ...

တကယ်ဆိုသူက မေမေ့ကို လေးစားလွန်းလို့  သူ့ နှလုံးရောဂါတောင်

အမှုမထား လက်ပစ်ကူးလာရတာ သနားစရာပါ
တောပြောတောင်ပြောတွေ မပြောသင့်ပါဘူးနော်
နိုင်ငံခြားသားကတောင်တကူးတက လာတွေ့တဲ့ မေမေ့ကို
သမီးတခါမှ လာမတွေ့ဖူးသေးတာ ခွင့်လွှတ်ပါမေမေ။

မေမေ ရေ မေမေကလေ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးနော်

ဘာငြိမ်းချမ်းရေးလုပ်ခဲ့လို့  နိုဗယ်ဆုရတာလဲ မသိပါဘူး
( အဲ့တုန်းက သမီးကငယ်သေးတော့ မသိလိုက်ဘူး )
ဘာလို့ ပဲရ ရ ဂုဏ်ယူပါတယ်မေမေ ...

အော် ဟိုတခါ အိုဘာမားကြီးလာတုန်းက

အာဘွားလဲပေးခံရတယ်နော်
ဂုဏ်ယူပါတယ်မေမေ
သမီးတို့ လို အညတြတွေအဖို့  အိုဘားမားဆိုတာ
တီဗွီထဲပဲ မြင်ဖူးတာပါ အနမ်းရဖို့ ဆို ဝေးစွ
အမေရိကန် သမ္မတကြီး ပယ်ပယ်နယ်နယ်အနမ်းအတွက်
ဂုဏ်ပြုပါတယ်မေမေ။

မေမေကလေ နိုင်ငံခြားခနခနသွား ရတာလဲ အရမ်းအားကျတယ်မေမေ

သမီးအရမ်းကြိုက်တဲ့ ကိုရီးယားမင်းသမီး မင်းသားတွေ နဲ့တောင်ဓါတ်ပုံတွေ
တွဲရိုက်တာလေ ကလေးကလား ဆန်တယ်နော်
အဲလေ သမီးအရမ်းအားကျတာပဲ ...

မေမေကလေ နိုင်ငံခြားသွား ပြီးရင် မြန်မာနိုင်ငံကြီးက

ဟိုဟာ မကောင်းဘူး ဒီဟာမကောင်းဘူး ပြောတယ်နော်
ဒါကြောင့် ဆန်ရှင်မဖွင့်ပါနဲ့ ဘာပုတယ် ညာပုတယ် ပြောတယ်နော်
လမ်းထိပ်က ဒေါ်ပုမ ကြနေတာပဲ ဟီးဟီး
နောက်တာပါ...

ဟုတ်တာပေါ့ မေမေရယ် ပြောသင့်ပါတယ် ကောင်းမှမကောင်းတာကိုး

ခုဆိုမေမေက လွှတ်တော်အမတ်ကြီးဖြစ်နေပြီနော်
တနေ့ တနေ့ မေမေ့ အဆို တင်သွင်းသံတွေ ကန့် ကွက်သံတွေ
သိပ်မကြားရဘူးနော် ( သမီးနားမထောင်မိတာ နေမှာပါ ) ...

အော် မေမေ ၂၀၁၂ ဒီဇင်ဘာတုန်းကလေ ပညာရေးရံပုံငွေ အတွက်ဆိုပြီး
ဆွယ်တာနှစ်ထည် လေလံဆွဲပွဲခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်လေ
အားကျလိုက်တာ လေ...
ဆွယ်တာလေးနှစ်ထည်ရောင်းတာ ၁၀၄၅ သိန်း တောင်ရခဲ့တယ်နော် ။

ခုဆို ၇နှစ် တောင်ကြာခဲ့ပြီနော် မေမေ

ဘယ်မှာလဲ ပညာရေးအတွက်အလှူငွေ တွေ
မေမေ လိုအပ်တဲ့ နေရာအတွက်သေချာ စီစဉ်နေတာ ထင်ပါတယ်နော်...

ပြီးတော့လေ မေမေ့ရဲ့ဂရုဏာတော် ကို အရမ်းလေးစားပါတယ်

ကုလားကို ကုလား လို့ မခေါ်ပါနဲ့ ကျမလဲ မခေါ်ဘူး
ကုလားလို့  ခေါ်တာ မိမဆုံးဖမဆုံးမတွေ ပဲလို့ 
ပြောလိုက်တဲ့ မေမေ့ရဲ့ ရဲရဲတောက်စကားကြောင့်
မေမေ တော်တော်လေး ကုလားတွေ ထောက်ခံမှုတွေရခဲ့တာလေ ...

ပြီးတော့ လူနဲစု ကုလားလေးတွေကို သနားညှာတာပါလို့ 
ဂရုဏာသံနဲ့ပြောတုန်းကဆိုလေ တော်တော်လေး လေးစာမိပါတယ်

သမီးတို့  သနားနိုင်တဲ့ ကုလားတွေကို မေမေက သနားပေးတယ်လေ
ဒါကြောင့်လဲ ပြည်သူချစ်တဲ့ ဒေါ်စုဖြစ်နေတာပေါ့နော် ...

မေမေရေ  မေမေကို့ လေ ဘယ်ကိစ္စ မဆိုဖြစ်လာရင်

နှာစေးနေလို့  နှုတ်ဆိတ်နေလို့ တဲ့ လူတွေက အားမလို အားမရဖြစ်နေကြတာ
တကယ်ဆို မေမေ့က လုပ်ပိုင်ခွင့်မရှိလို့  ငုတ်တုတ်ထိုင်
အဲလေ နှုတ်ဆိတ်နေရတာ သူတို့ နားမလည်တာထင်ပါတယ်...

"မေမေက သမ္မတကြီးဖြစ်မှ အာ့တွေ လုပ်မှာမလား သမီးသိပါတယ် မေမေ "


အော် ဒါနဲ့မေမေ မေမေ့ သားသမီးတွေ အကြောင်းတိုင်ရဦးမယ်

ရက်ကွက်ထဲမှာလေ အရက်သမားချင်းရန်ဖြစ်ကြတာ သိလား
အရက်သမား တစ်ယောက်ကလေ မင်းက ဘာကောင်မို့ လဲ
ငါက NLD ကကွဆိုပြီး ရန်ဖြစ်နေရင်းနဖူးစီးကြီး ကောက်စီးပစိလိုက်တာ
ဘာကောင်မှ ဂရုမစိုက်ဘူး NLD ကကွဆိုပြီး
ပုဆိုးကွင်းသိုင်းပြီး ရပ်ကွက်ထဲ ပတ်ဆဲတယ် သိလား ...

မေမေ့ ဒေါင်းတံဆိပ်က အဲ့မှာလဲ အသုံးဝင်သားနော်

ပြီးတော့လေ တနင်္လာနေ့ တိုင်းထုတ်တဲ့ ဒီလှိုင်းဂျာနယ်ကိုလေ
ပင်နီအကျီတွေ ဝတ်ပြီး လိုက်ရောင်းကြတယ်လေ
ယူချင်မှန်းမသိ မယူချင်မှန်းမသိ အတင်းလိုက်ထိုးရောင်းတာ
တအားစိတ်ပျကိဖို့ ကောင်းတယ်လေ ...

ငွေ ၃၀၀ ကပ်စေးနဲ့လို့ တော့ မဟုတ်ပါဘူး

အားနာပါးနားဝယ်ပြီးရင် ဘယ်နားပြန်သုံးရမှန်းကို မသိတာ
( အရင်တုန်းကလို သတင်းစာစက္ကူ ငရုတ်သီးမှုန့် လဲ မထုတ်တော့ဘူးလေ )
ဟိုနားတဘုတ် ဒီနားတဘုတ် မျက်စိကရှုပ်သေး ...

ထားပါတော့လေ အရေးမကြီးတာတွေနဲ့ စာလဲ အတော်ရှည်နေတယ်

ပြောချင်တွေအများကြီးကျန်သေးတာ
တီရှပ်ရောင်းကောင်းတာတွေ NLD ပါတီဝင်မဟုတ်ဘဲ
ဗိုလ်ချုပ်က မဲဆွယ်ပွဲတွေ တကောက်ကောက်လိုက်ရတာတွေစုံလို့ ပေါ့ ။

စာဖတ်သူလဲ ပျင်းနေရှာရော့မယ် လေ


ဒါကြောင့်တိုတိုတုတ်တုတ်ပဲ ပြောပါမယ်


မေမေကို အားကျပါတယ်


ဘာမှမလုပ်လဲလေးစားပါတယ်


ဗိုလ်ချုပ်သမီးမို့ အားကိုးပါတယ်


မွမွ မေမေ
by MTL

သူဋ္ဌေးကြီး Warren Buffett
“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျ
ူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)

၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။


ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင် ကျွန်မဒီနေ့မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ်
ပြည်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့်ပတ်သက်ပီး မေးမြန်းလိုခြင်းဖြစ်ပါတယ်
ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ်ကတည်းက ရှိခဲ့တာပါ။
ကျမ်းဂန်တွေအရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှပိုင်ဆိုင်တဲ့အလှမယ်ဆိုတဲ့အဓိပါယ်ရပါတယ်။
နိုင်ငံပိုင်ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်းလိုက်ချင်းပါ။ ဆိုဘီနီခေါ်ပြည့်တန်ဆာဘွဲ့အပ်နှင်းခြင်းကို ဝဇီ(Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရသိရပါတယ်။
ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင်သဘောထားတွေနဲ့ ဖော်ပြထားတာမရှိပါဘူး။
ဗုဒ္စကိုယ်တိုင် ဒီလိုမျိုးအမျိုးသမီးတွေကို ဇာတ်နိမ့်ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗာန်ကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်။
ဝေသာလီပြည်က အမပါလီဆိုတဲ့ ပြည့်တန်ဆာဟာ
ကသဖဘုရားရှင်လက်ထက်မှာ ဘီက္ခူနီဖြစ်ခဲ့ပြီး တာဝတီံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံးဘဝအဖြစ် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့တရားတော်တွေကြောင့် ရဟန်းနာဘဝကို ရောက်ခဲ့ပါတယ်။
သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့မယ်တော်ပါ။ ဆိုလိုခြင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္စလက်ထက်ကတည်းကရှိခဲ့ပြီး ကျွတ်တန်းဝင်သွားခဲ့တယ်ဆိုတာပါ။

လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....

ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေရှိနေပါတယ်။ ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ဥပဒေတွေကိုလည်းကမ္ဘာနိုင်ငံ့အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက်အဖြစ်ကိုသက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့လူတန်းစားတွေအတွက် သီးခြားသက်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။
ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့အများရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင်ရှိခဲ့ပီ ယနေ့အချိန်ထိလျော့နည်းပပြောက်သွားခြင်းမရှိသေးပါဘူး

လေးစားအပ်ပါသေား ဥက္ကဌကြီး .ရှင့်....

၁၉၄၉ခုနှစ် အေပြီ ၂၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေးဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြားကျင့်သုံးတဲ့ တာဝန်ရှိသူအချို့ကြောင့် ပြည့်တန်ဆာတွေအနေနဲ့ ပိုမိုနှစ်နာရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာရောက်ခဲ့ရတာပါ။ ငွေကိုလွယ်လွယ်ရလိုမှု ၊ လုပ်စရာ အလုပ်အကိုင်မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ်ခင်းကြတဲ့သူတွေလည်းအများကြီးပါ။ ရုန်းထွက်ခြင်ပေမဲ့ ကောင်းရာကောင်းကြောင်းလုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊၅ ရက်လောက်နဲ့ တစ်သိန်းရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့အခြေအနေမို့ ဆက်လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။
ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာတွေရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ်မြူဆွယ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေအနေနဲ့လည်း
သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။
ရဲတချို့ကတော့လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း ပြည့်တန်ဆာလောက ကနေသိနေရပါတယ်။
ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်ထိန်းသိန်းမလည်းဆိုတာကျွန်မတို့စဉ်စားရတော့မယ်
၁။.....ဒီအလုပ် လုပ်တဲ့သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသာဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
၂။ပြည့်တန်ဆာဆိုပေမယ့် နိုင်ငံသားတစ်ဦးဖြစ်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့အခွင်းအရေးတွေကိုလည်း ပြည့်တန်ဆာတွေရရှိနိုင်မှာဖြစ်ပါတယ်။

၃။မနေနိုင်တဲ့အမျိုးသားတွေအနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့်ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေအပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပါစေမှာဖြစ်ပြီး မဒိန်းမှုအန္တရာယ်ကိုလည်း အတိုင်းအတာတစ်ရပ်အထိလျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။


လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်..

ကျမ...မေးချင်တဲ့....မေးခွန်ူးတွေကတော့. ......ပြည်ထောင်စုသမ္မတ အစိုးရလက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက် ဘယ်လောက်ရှိပါသလည်း အဆိုပါမှုခင်းများဖြစ်ပွာ်းရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှုပြသနာနဲ့ အလုပ်အကိုင်ရှားပါမှုပြသနာတို့ကြောင့်ပြည့်တန်ဆာမှုခင်းအများအပျားဖြစ်လာပြီးဖမ်းစည်းပြစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေများပျားလာခြင်းကို ဟန့်တားနိုင်မှာလား ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ အရေးယူခံရတဲ့အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ကျမ်းမာရေး လူမှုရေးရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့အခါမှာ ဘယ်ကဲ့သို့ကူညီထားပါသလည်း အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာတဲ့အခါမှာ မူလပြည့်တန်ဆာလုပ်ငန်းကိုပြန်လည် မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှမည်ကဲ့သို့ထားစီမံရှိပါသလည်း ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခောတ်ကာလနှင့်လိုက်လျောညီထွေးမှုမရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကိုမေးမြန်းချင်ပါတယ်ရှင်အားလုံးကိုကြေးဇူးတင်ပါတယ်ရှင်---------