7:41 PM
Unknown
လင်းလင်းရဲက အိပ်မက်ထဲကစစ်သားကြီးကို နားထောင်ကြည့်တယ်။
သူ့ခံစားချက်နဲ့သူစပ်တာမို့ အပြစ်မပြောလိုပေမယ့် အခုလို
ဝါးလုံးရှည်နဲ့သိမ်းရမ်းတာတော့ မကောင်းဘူး။ စစ်ဗိုလ်ချုပ်တွေမကောင်းရင်
စစ်ဗိုလ်ချုပ်တွေကိုပဲ ရေးစပ်သင့်တယ်။ စစ်သားအားလုံးကို
သိမ်းကျုံးရေးစပ်သွားတာတော့ မကောင်းဘူး။
လူ လူချင်းသတ် တဲ့။ ဗိုလ်ချုပ်အောင်ဆန်းသာ စစ်တိုက်ပြီး လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။
ဘုရင့်နောင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။
ဗန္ဒုလစစ်သူကြီးသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။
ဗလမင်းထင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။
မဟာသီဟသူရသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။
ဗိုလ်မှုးချုပ်ကျော်ဇောသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။
မြစ်ကြီးနားကပြန်ခဲ့တော့ သံလမ်းရိုးတစ်လျှောက်မှာ စစ်သားလေးတွေ
ခံတုတ်ကျင်းကလေးတွေနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး လူထုကို
ကာကွယ်ပေးနေတာတွေ့ရတယ်။ ကိုယ်တိုင်က တရားမျှတတယ်လို့ ကိုယ့်ကိုယ်ကို
ခံယူထားရင် အဲဒီလိုအနစ်နာခံနေတဲ့ တပ်သားလေးတွေကို ထည့်ပြီး
ရေးစပ်သင့်တာပေါ့။
သံမဏိလိပ်ပြာလို့ တင်စားတဲ့ ဒေါ်စုဟာ
တိုင်းပြည်အတွက် အနစ်ခံခဲ့တာ မှန်ပါတယ်။ ဒေါ်စုလိုအနစ်နာခံတဲ့သူတွေလဲ
အများကြီးပါ။ ဒေါ်စုက ကျယ်ဝန်းလှပတဲ့ခြံကျယ်ကြီးထဲမှာ
စားချင်တာချက်စားပြီး နေအိမ်အကျယ်ချုပ်နဲ့ အနစ်နာခံနေချိန်မှာ ထောင်ထဲမှာ
အငတ်ငတ်အပြတ်ပြတ်နဲ့ ထောင်ဝန်ထမ်းတွေ နှိပ်စက်ညှဉ်းပန်းသမျှခံပြီး
လူမသိသူမသိနဲ့ အနစ်နာခံပြီး သေဆုံးခဲ့ကြသူတွေလဲ အများကြီးပါ။
အရှင်ခေမာနန္ဒ- မိုးသု-မန္တလေး
0 comments :
Post a Comment