Tuesday, August 6, 2013

ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ရာသီသိမ်းပွဲစဉ်ဖြစ်သည့် နေပြည်တော် နှင့် ရန်ကုန်အသင်းတို့
ပွဲစဉ်တွင် ဒိုင်လူကြီးကို ၀င်ရောက်ရန်မူခဲ့သူမှာ နေပြည်တော်အသင်းအားပေးသူပရိသတ်သာဖြစ်ကြောင်း
အခိုင်အမာ သိခဲ့ရသည်။
ယင်းပြဿနာမှာ ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ဒေးဗစ်ထန်း၏ လဲကျမှုအနေအထားသည်
(၅၀-၅၀)ရာခိုင်နှုန်းသာဖြစ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ
ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပရိသတ်ကို နေပြည်တော်ကစားသမား ချစ်စမ်းမောင်မှ ရှေ့ဦးစွာ ကွင်းအပြင်
သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် လုံခြုံရေးတာဝန်ရှိသူများက ထိုးကြိတ်နေခဲ့သည်ကို နေပြည်တော်အရံကစား
သမားများက တွေ့ရှိခဲ့ပြီး လက်လွန်မှုမရှိစေရန် ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကို ပြည်တွင်းအားကစားဂျာနယ်တစ်စောင်မှ ဂျာနယ်လစ်တစ်ဦး၏ ပြောပြချက်အရ
နေပြည်တော်အရံကစားသမားဆိုပြီး တိကျစွာရေးသားနေခဲ့ခြင်းကိုလည်း စိတ်မကောင်းဖြစ်မိကြောင်း နေပြည်
တော်အရံကစားသမားတစ်ဦးဖြစ်သူက ဆိုခဲ့သည်။

Credit to Nay Pyi Taw FC

0 comments :

Post a Comment