Friday, August 2, 2013







ကရင်ပြည်နယ် အတွင်း ဇူလိုင် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘားအံမြို့ နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ရေဘေး အန္တရာယ်နှင့် ကြုံတွေ့လျက်ရှိရာ ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး
စခန်းများသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် သောက်သုံးရေနှင့် စားသောက် ဖွယ်ရာများအား ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် တပ်မတော်မှ မော်တော်ယာဉ်များဖြင့် သောက်ရေသန့် ၂၁၆၇ကတ်၊ ရွှေဖီဦး တီးမစ် ၃ဝဝဖာ၊ ခေါက်ဆွဲခြောက် ၅ဝဝဖာ၊ ငါးဘူး ၅၂ ဖာ၊ ဘီစကွတ် ၉ဖာ တို့ကို လည်းကောင်း၊ သြဂုတ် ၁ရက် ညနေပိုင်းတွင် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် သောက်သုံးရေသန့် ၃၅၅ ကတ်၊ ဆေးပစ္စည်း ၃ဝဖာ၊ မာမီးခေါက်ဆွဲ ၂၅ ဖာတို့ကို လည်းကောင်း ကူညီပို့ဆောင် ပေးခဲ့ကြောင်းနှင့် ပြည်သူများသို့ အချိန်မီပေး အပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments :

Post a Comment