Monday, August 5, 2013


သူတို့လဲ ခုထိ မလွတ်လပ် ကြရှာဘူး ... အလံ တင်တာက ဟုတ်ပါပြီ .. လွတ်လပ်ရေး ရခါစက အလံ ကိုတင်တယ် ဆိုတော့ နောက်ကြောင်း ပြန် ချင်သူ တစ်စု များလား ... နောက် .. မဆီမဆိုင် အမေရိကန်အလံ နဲ့ ကာလီဖိုးနီးယား အလံတွေ က ဘာလို့ ပါလာတာလဲ .. ပြန်လာ ကြပါတော့ မျိုးမကောင်းတွေ ရာ .. မင်းတို့ လုပ်နေတာ ကို ခုခေတ် ပညာတတ် အသိုင်းအသိုင်းက လက်မခံ ကြတော့ပါဘူး .... ဒါ ၈၈ မဟုတ်တော့ဘူး ... ၂၀၁၃ ...
========================

၈၈အရေးတော်ပုံငွေရတုအကြို အလံတင် အခမ်းအနား အမေရိကန်နိုင်ငံ၌ ကျင်းပ

အမေရိကန်နိုင်ငံကယ်လီ ဖိုးနီးယားပြည်နယ်ရှိ ဘားက လေ (Berkeley) မြို့သည် ရှစ် လေးလုံးအရေးတော်ပုံ၌ ကျဆုံး ခဲ့သော ရဟန်းရှင်လူပြည်သူများ ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် နှစ်တိုင်း ဩဂုတ် ၈ရက်ကို မြန်မာ နေ့ (Bruma Day )အဖြစ်သတ် မှတ်၍ အလံတင်ပွဲအခမ်းအနား ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ''ရှစ် လေးလုံးအရေးတော်ပုံ''ငွေရတု ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၃ခုနှစ် ဩဂုတ် ၃ရက် နံနက် ၈နာရီတွင် မြန်မာနိုင်ငံအလံတင် အခမ်းအနားကိုBerkeley မြို့ မြို့တော်ခန်းမအရှေ့ရှိ Civic Center Park ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် လွှင့်တင် ခဲ့သောအလံမှာ မြန်မာနိုင်ငံလွတ် လပ်ရေးရစဉ်က အသုံးပြုခဲ့သော ကြယ်ငါးပွင့်အလံဖြစ်ပြီး အမေ ရိကန်ပြည်ထောင်စု၏အလံ၊ ကယ်လီဖိုးနီးယားပြည်ထောင်စု ၏အလံများနှင့် ယှဉ်တွဲလွှင့်ထူခဲ့ ခြင်းဖြစ်သည်။ အခမ်းအနားတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ အတွင်းရေး မှူး ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ၊Berkeley မြို့ တော်ကောင်စီမှ Mr. Kriss Wor- thington ဦးဆောင် ကျင်းပသော Burmese American Demo-cratic Alliance မှ ဥက္ကဋ္ဌ၊ ၁၉၉၀ ရွေးကောက်ပွဲမှ ပါလီမန်အမတ် လောင်းဦးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ရှစ်လေးလုံး နေ့ အမှတ်တရ အမှာစကားများ ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၉နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Yangon Media Group

0 comments :

Post a Comment