![]() |
၈၈မ်ိဳးဆက္ အာဖ်န္ခြီးမ်ားအုပ္စု |
ရိုးသားသည့်
ကျူးကျော်မိသားစုများသည်လည်း စည်းရုံးခံရမှုအောက်တွင် နားယောင်သွားကြ သည်။ အထူးသဖြင့်
၎င်းတို့ကို ကာကွယ်စောင့်ရှောက်မည်ဟု လျှာအရိုးမရှိတိုင်း အပေါစားစည်းရုံးရေး ဆောင်ရွက်နေသူများမှာ
အဓိကတရားခံဖြစ်ပါသည်။ ဥပမာအနေဖြင့် ဇွန်လ ၁၀ ရက်နေ့ သင်္ဃန်းကျွန်း မြို့နယ် ၈၈ ကျောင်းသားများအဖွဲ့ရုံးကို
ဒဂုံမြို့သစ်(တောင်ပိုင်း) ကျူးကျော်နေထိုင်သူများနှင့် ပြည်တွင်း သတင်းထောက်တို့ လူအုပ်စုဖြင့်
လာရောက်အကူအညီတောင်းခံကြသည်။ ၈၈ မျိုးဆက် များအနေဖြင့် မည်သည့်နေရာမှကောင်းမွန်သော
လုပ်ဆောင်ချက်များ ဖော်ဆောင်ပြသနိုင်ခြင်းမရှိသည့် အတွက် တဖြည်းဖြည်းနှင့် ပြည်တွင်းပြည်ပမှ
အဖွဲ့အစည်း၊ လူထုတို့၏ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင် နေရချိန် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏
အဓိကနောက်လိုက်များအဖြစ် ကျူးကျော်ထဲမှာ တောင်မှ အဆင့်အတန်းမဲ့စွာ ကိုယ်ကျိုးအတ္တလွန်ကဲသည့်သူများ
ပေါ်ပေါက်လာတယ်။
၈၈ မျိုးဆက်သစ်ကျောင်းသားများ
အနေဖြင့် ပြန်သုံးသပ်ကြပါ။ မိမိတို့ အဆင့်အတန်းဘယ် လောက်ရောက်နေပြီလဲ။ ပြောတာပြောရတယ်
ဘယ်တုန်းကမှ ဘာအဆင့်မှ မရှိခဲ့တဲ့အဖွဲ့ပဲ။ ပြည်တွင်း ပြည်ပ နိုင်ငံရေးအကြောင်းပြ မဟာဗျူဟာမြောက်
လှုပ်ရှားသူများရဲ့ ကြိုးဆွဲရာ ကခဲ့ကြတာပဲ မဟုတ် ပါလား။ ကျူးကျော် အိမ်ရာတွေ နေရာသစ်မှာ
မြေကွက်ရလျှင် ၈၈ အဖွဲ့တွေတွက် ကျေးဇူးဆပ်ဦးမယ် ဆိုဘဲ။ ရိုက်ချက်ကတော့ မိုက်တီးတော့
မဟုတ်ဘူး။ မိုက်ရိုင်းနေတာချည်းပါပဲ။ တစ်ခုတော့ နားလည် ပေးပါတယ်။ ၈၈ အဖွဲ့တွေ ဒါမျိုးတွေလုပ်နေမှ
မိသားစုရပ်တည်နေနိုင်မှာ မဟုတ်ပါလား။ ဒါပေမယ့် အခြေအနေကြည့်လုပ်ကြပါ၊ မင်းတို့ကို လက်ခံတဲ့လူတွေက
ဘယ်အဆင့်တွေလဲ၊ မင်းတို့ကို လက်မခံ တော့တဲ့သူတွေက ဘယ်လိုလူတွေလဲ၊ မင်းတို့ကတော့ ရေနစ်သလိုပဲ
ရရာကို ဖမ်းဆွဲ၊ ရုန်းကန်နေရင်းနဲ့ ကျော်သူရဲ့ နာရေးကူညီမှုကို အားကိုးနေကြတယ်လို့
မြင်မိတယ်။ ဘာပဲပြောပြော ဘဝကူးကောင်းစေဖို့ နောက်မကျသေးပါဘူး။ ကိုယ်မလုပ်နိုင်ရင်နေပါ၊
သာဓုတစ်ကြိမ် ခေါ်ချိန်မှီရင်တောင် အပယ်ငရဲက လွတ်ကောင်းလွတ်နိုင်ပါသေးတယ်။
0 comments :
Post a Comment