Thursday, August 8, 2013

၈၈ငွေရတု အထိမ်းအမှတ်ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများနှင့် ကုလလားများပျော်ပျော်ပါးပါးဝင်ရောက်ဆင်နွှဲနေကြကြောင်း
ထိုပွဲသို့ သွားရောက်ခဲ့ သော ဒေသခံတစ်ဦးမှ ပြောကြားခဲ့ ပါသည်။"ကျနော်တို့ မြန်မာလူမျိုးတွေက ပွဲဆိုရင် သွားကြည့်ချင်တာ
ဝါသနာလိုဖြစ်နေပါပီဗျ။သူတို့ ငွေရတုဆိုလား ဘာဆိုလားတော့မသိဘူး။ပွဲဆိုလို့ သွားကြည့်တာ အရက်သမားတွေနဲ့ ကုလားတွေပဲများလို့ 
စိတ်ညစ်လို့ ပြန်လာခဲ့ တာ" ဟု ပွဲသို သွားရောက်ခဲ့ သော ဒေသခံတစ်ဦးမှ ပြောကြားခဲ့ သည်။
ထို့ အတူ ဒေါ်သင်းသူဇာ ဆိုသူ အမျိုးသမီးမှ လည်း "ဒီပွဲက ကုလားတွေနဲ့ ဘာမှလဲမဆိုင်ဘူး၊အဲ့ဒီကုလားတွေက ဘာလို့ လာနေကြလဲတော့မသိဘူး၊ကြားတာ
ကတော့ ကိုမြအေးသူငယ်ချင်းတွေလို့ တော့ပြောကြတာပဲ၊ဒါပေမယ့် တော်တော်လေးများနေတာ"
ဟုပြောကြားခဲ့ သည်။
ရရှိထားသောသတင်းများအရ ၈၈မျိုးဆက်ကျောင်းသားများအား ကုလားများမှ ထောက်ပံ့ပေးနေခြင်းများရှိနေသလို နိုင်ငံခြားမှ အဖွဲ့ အစည်းအသီးသီးမှလည်း
ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။

Wednesday, August 7, 2013


ဘူလ်ဂေးရီးယား နိုင်ငံ မှာပေါ့။ အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ အဘိုးကြီး တစ်ယောက်ပါ။ Dobri Dobrev လို့ အမည်ရပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလက တိုက်ပွဲကြောင့် အကြားအာရုံဆုံးရှုံးသွားတဲ့ စစ်သား တစ်ဦးပေါ့။ တစ်နေ့ပြီးတစ်နေ့ ခြေလျင် ခရီး လျှောက် ရင်း တောင်းစားပါတယ်။ တစ်နေ့တော့ ဘူလ်ဂေးရီးယားရဲ့  ဆိုဖီယာမြို့ ကို ရောက်ရှိပါတယ်။

သူရောက်ရှိတဲ့အချိန် လက်ထဲမှာ စုမိတဲ့ ငွေက ယူရို ၄ သောင်း ရှိနေပါပြီ။ ယင်း ယူရိုငွေ လေးသောင်းကို ဘူလ်ဂေးရီးယားက ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ ဂေဟာတွေ အားလုံး ပေးလှူပစ်လိုက်မယ်လို့ ဘယ်သူမှ မထင်ဘူးလေ။ သူတကယ် လှူဒါန်းခဲ့ပါတယ်။

yoyarlay
သြဂုတ် ၄ ရက်က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ရုံးတွင် ကျင်းပခဲ့သည့် (NLD) ဗဟိုလူငယ် ညီလာခံ ကျင်းပရေးအတွက် ရှမ်းပြည်နယ် လူငယ်ညီလာခံ ကော်မရှင်ဖွဲ့စည်းရေး အစည်းအဝေးအရ ညီလာခံတွင် လူငယ်များ ပါဝင်လာနိုင်ဖွယ် မရှိပေ။

ညီလာခံမှာ လူငယ်ညီလာခံဟုဆိုသော်လည်း လူလတ်ပိုင်းအရွယ် ၃၅ နှစ်မှ အသက် ၄၀ ကြား ပါတီဝင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်သောကြောင့် လူငယ်များ ပါဝင်လာနိုင်ရန် အခွင့်အရေးနည်းပါးသွားပြီဖြစ်သည်။

“လူငယ်ညီလာခံဆိုပေမယ့် လူလတ်ပိုင်းအရွယ် ၃၅ နှစ်ကနေ ၄၀ကြားတွေနဲ့ ဖွဲ့စည်းမှာပါ” ဟု တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်တောင်တိုးက မဇ္ဈိမကို ပြောသည်။

ယခု ဖွဲ့စည်းရေးအတွက် ရည်ရွယ်ချက်မှာ လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကဏ္ဍများတွင် စွမ်းဆောင်ရည် မြင့်တက်လာစေရန် လူငယ်ညီလာခံမှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအထိ ပေါ်ပေါက်လာစေရန် ဖြစ်သည်။

NLD လူငယ်ညီလာခံကျင်းပရေးအတွက် ကျင်းပရေး ကော်မရှင်ဖွဲ့စည်းရာတွင် ဝေဖန်သံများထွက်ပေါ်လျှက်ရှိပြီး ဇူလိုင်နောက်ဆုံးပတ်က မကွေးမြို့တွင် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့နိုင်ရန်အတွက် အသက် ၁၆ နှစ်မှ ၃၅ အကြား လူငယ်များကို စည်းရုံးဆောင်ရွက်ခဲ့သေးသည်။

ပါတီဝင် လူငယ်များကို အောက်ခြေမြို့နယ်မှစကာ တစ်ဆင့်ချင်း ဗဟိုအဆင့်အထိ အဆင့်ဆင့် ရွေးချယ်သွားမည် ဖြစ် သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုလူငယ်ညီလာခံ ကျင်းပရေးအတွက် ဗဟိုကော်မရှင်အဖွဲ့ကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ဇူလိုင်လ ၉ ရက်က ဖွဲ့စည်းခဲ့သည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်များအား နေရာပေးလိုကြောင်း ပြောလေ့ရှိပြီး အောက်ခြေမှ မဲပေးနည်းစနစ်ဖြင့် ရွေးချယ်ပေးကာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်မှု ပုံစံများကိုမူ
ဝေဖန်မှုများ ရှိနေသည်။

NLD ၏ ပါတီလုံးကျွတ် ညီလာခံတွင် အောက်ခြေအဆင့်တွင် ရွေးချယ်မဲပေးသည့် ပုံစံဖြင့် ရွေးချယ်လာခဲ့သော်လည်း ဗဟိုအဆင့်သို့ ရောက်သောအခါ အမှုဆောင်ကော်မတီဝင်ကို ဒေါ်အောင်ဆန်းစုကြည်ကသာ ရွေးချယ်ခဲ့သဖြင့် ဝေဖန်မှုအများအပြား ရှိခဲ့သည်။

MEG

Tuesday, August 6, 2013

.သေချာတာကတော့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့ ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။

အဆင်းရဲဆုံး တိုင်းပြည်ကနေ ငွေကြေးအကုန်အကျအများဆုံး ပွဲတွေ ကျင်းပနေကြတာကို ငေးကြည့်ရင်း ...
ငွေကျပ် သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ အထက်တန်းကျောင်း မရှိသေးတဲ့ ကျေးရွာတွေမှာ ကျောင်း ဘယ်နှစ်ကျောင်းလောက် ဆောက်လှူနိုင်မလဲ။

ငွေကျပ် သိန်းသုံးထောင်နဲ့
မြန်မာပြည်က မိဘမဲ့ ကျောင်းသား ဘယ်နှစ်ဦးအတွက် ပညာရေး ပဒေသပင် စိုက်ထူပေးနိုင်မလဲ။

ငွေကျပ် သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ ရေတွင်းရေကန်မရှိသေးတဲ့ ရေချို အခက်အခဲရှိနေတဲ့ ကျေးရွာတွေမှာ ရေတွင်း ဘယ်နှစ်တွင်းလောက် တူးပေးနိုင်မလဲ။

ငွေကျပ် သိန်းသုံးထောင်နဲ့
မြန်မာပြည်မှာ ဆေးပေးခန်းမရှိသေးတဲ့ ကျေးရွာတွေမှာ ဆေးခန်းနဲ့ ဆေးဝါး တွေ ဘယ်လောက် လှူဒါန်းပေးနိုင်မလဲ။

...သေချာတာကတော့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့ ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။

အထိမ်းအမှတ်တွေ၊ အမှတ်တရတွေကို ပွဲတွေကိုကျင်းပခြင်းထက်ပိုတဲ့ အနှစ်သာရမျိုး နဲ့ ပြည်သူလူထုအတွက် တကယ့်အထိမ်းအမှတ် ပီပီသသနဲ့ အကျိုးရှိရှိ ဖြစ်စေချင်တယ်...ရှင်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
From....မေသင်္ကြန်ဟိန်း
(၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရသည့်
 နှစ်ပတ်လည် အခမ်းအနားကို ဝမ်းနည်း ကြေကွဲစွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရသည်။ နောက်(၃)ရက်အကြာ နာဂါစကီ မြို့ပေါ်သို့ ကြဲချသော ဗုံးကြောင့် ယခုထက် ပိုမို အသေအပျောက် များပြားခဲ့ပြီး ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခဲ့ရသည်။ (၆၈)နှစ်မြောက် ဟီရိုရှီးမားနေ့ နှစ်ပတ်လည် အခမ်းအနားကို အဆိုပါမြို့တွင် ကျင်းပရာ လူပေါင်း (၅၀၀၀၀)ကျော် တက်ရောက်ပြီး (၁)မိနစ် အသံတိတ် ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်း ကြေကွဲမှုကို ပြသခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အပါအဝင် ဂျပန်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးသမား အများအပြားလည်း ယခု အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဂျပန်သည် နျူကလီးယား ဘေးဒုက္ခနှင့် စပ်လျဉ်းပြီး မကြာသေးမီ နှစ်ပိုင်းကလည်း ပြဿနာတစ်ရပ် တွေ့ကြုံခဲ့ရသေးသည်။ (၂၀၁၁)ခုနှစ်က ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ခြင်းကြောင့် ဖူကူရှီးမားရှိ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ဖြစ်ပွားရာ လူပေါင်း (၁၀၀၀၀၀)ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုနှစ် ဟီရိုရှီးမားနေ့ အခမ်းအနားတွင် လူအများ စုရုံးက အမွှေးတိုင်များ ထွန်းညှိကြပြီး သေဆုံးသွားသူများအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။

"ဒါဟာ ငြိမ်းချမ်းရေး ကြေညာချက် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ဟီရိုးရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက ဆိုသည်။ "မြို့ပေါ် ကျရောက် ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးဟာ ရက်စက် ကြမ်းတမ်းလွန်းတဲ့ လက်နက် တစ်ခုဖြစ်ပြီး တကယ့် မကောင်းဆိုးရွားကြီးပါပဲ။ ကျွန်တော်တို့ဟာ ဒီအက်တမ်ဗုံးရဲ့ ငရဲဆန်မှုကို သိရှိထားပြီးပါပြီ။ ဒီမကောင်းဆိုးရွားကို ကျွန်တော်တို့ တိုက်ထုတ်ရပါမယ်"ဟု ဆိုသည်။ ဟီရိုရှီးမား ဒေသခံများသည် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာတွင် ထိခိုက်ခဲ့သူများကို ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဓာတ်ပေါင်းဖိုတွင် ရေဒီယို သတ္တိကြွ ဖြာထွက်မှု အခြေအနေကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဟု ဓာတ်ပေါင်းဖိုကို တည်ဆောက်ခဲ့သည့် တိုကျို အီလက်ထရောနစ် စွမ်းအင် ကုမ္ပဏီက ဝန်ခံထားသည်။

MEG
ဒေါက်တာဝင်းဇော်နေရာမှာ ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊ PM မလုပ်တာကိုလဲလုပ်တယ်လုပ်၊ ဒေါက်တာစောလွင်လဲ PMလုပ်လို့ထွက်ပြေးရ ဆိုပြီး..ဇာတ်နာ အောင်ရေးပြီး စွဲဆောင်မှုရအောင်ပြုလုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူး…
အဖြစ်မှန်ကိုမမေးဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..အသံ Fileပါတင်ထားတာ တွေတွေ့ရတယ်..ဓါတ်ပုံမှာပါရှိသော လက်ရှိအသက်ထင်ရှား ရှိနေသော ဒေါက်တာ ၀င်းဇော် ၏ ရှင်းလင်းချက်……
ကျွန်တော်တို့တစ်တွေလူနာကောက်ကတည်းကပြည်သူတွေရဲ့အသက်ကိုကယ်ဘို့ဆိုတဲ့ရည်ရွယ်ချက် ပဲဖြစ်ပါတယ်..အခြားရည်၇ွယ်ချက်မရှိပါဘူး..။ ဓါတ်ပုံဆရာတစ်ဦးရဲ့ ဓါတ်ပုံအရိုက်ခံလိုက်ရလို့သာ မှတ်တမ်းတင်တဲ့ပုံဖြစ်သွားတာပါ။ ဓါတ်ပုံက ၃-၁၀-၈၈ နေ့ထုတ် Newsweek မှာပါလာပြီးနောက် ကျွန်တော့်ကို MI ခေါ်မေးပါတယ်… (၅)ရက်ကြာပါ တယ်…ကိုစော လွင်ကို (၃) ရက်ကြာေ မး ပါတယ်….။ခေါ်မမေးခင်အထိတော့..ငါ့ကိုဘယ်တော့လာဖမ်းမလဲဆိုတဲ့စိုးရိမ်စိတ်ကအမြဲရှိနေတာပါ…
အမေးခံပြီးတဲ့နောက်မှာလဲ…ဘဝကိုအေးအေးပဲဖြတ်သန်းနေခဲ့ပါတယ်… စာစောင်တွေ..Internet blog တွေ၊ Media တွေမှာခဏခဏ ပါလာတယ်…တိုင်းပြည်အခြေအနေက လည်းကိုသူရသိတဲ့ အတိုင်းပဲလေ…။ မနှစ်ကအထိမပွင့်လင်းသေးဘူး…ဒီဓါတ်ပုံကခေတ်စားလာတော့..Media တွေက ရှာဖွေပြီးရေးလာကြတယ်….မဝင်းမော်ဦးမိဘတွေကြတော့ Interview တွေ၊ Internet မှာအခြေခံပြီး ရေးကြတယ်..
ဒီကြားထဲမှာကြယ်တွေကြွေနေတဲ့တိုင်းပြည်ဆိုတဲ့ Internet ဆောင်းပါးနဲ့ဒေါက်တာ ဝင်းဇော် နေရာမှာ ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊PMမလုပ်တာကိုလဲ လုပ်တယ် လုပ်၊ ဒေါက်တာစောလွင်လဲ PM လုပ်လို့ထွက်ပြေးရဆိုပြီး..ဇာတ်နာအောင်ရေးပြီး စွဲဆောင် မှုရအောင်ပြုလုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူး…အဖြစ်မှန်ကိုမမေးဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..
အသံ File ပါတင်ထားတာတွေတွေ့ရတယ်…ရှင်းနေရင် လဲထပ်ရှုပ်နေမှာပဲ..ဒါကြောင့်မရှင်းဖြစ်ခဲ့ဘူး၊ ဒေါက်တာစောလွင်မိသားစုကလည်းမရှင်းပဲ၊ ဒါပေမဲ့တစ်ချိန်မှာရှင်းရမည်ဆိုတာသိနေတယ်အခု ပွင့်လင်းလာတဲ့အချိန် ၈၈၈၈ နီးလို့အများအာရုံစိုက်တဲ့ အချိန်မှာ ရှင်းတာက ပိုကောင်း တယ်…ဒီကြား ထဲဒေါက်တာမြတ်ထူးရာဇာတ်ပြန်လာတာနဲ့တွေ့ တော့ပိုပြီးအဆင်ပြေသွား တယ်..ရှင်းဘို့အချိန် တန်ပြီ..ငွေရတုလဲတိုင်ပြီပေါ့ နော်..
ဒါကြောင့် သမိုင်းအမှန်ကိုပြန်ဖြစ်စေချင်တဲ့ရည်ရွယ်ချက်ပဲရှိပါတယ်..ကျွန်တော်ကိုယ်၌ ကလူရှေ့ကို ထွက်တဲ့အကျင့်မရှိပါဘူး…နောက်ကပဲပံ့ပိုးတဲ့အလုပ်ကိုပဲဝါသနာပါတာ..စလုပ်ကတည်းကဓါတ်ပုံထဲပါအောင်လုပ်ခဲ့တာမဟုတ်ဘူး..ကိုယ်ထက်ပင်ပင်ပမ်းပမ်းနဲ့ထိထိရောက်ရောက်လုပ်ဆောင်တဲ့သူတွေလဲ အများကြီးပါ….ဒါပေမဲ့..မှတ်တမ်း အတင်မခံခဲ့ရပါဘူး…ဒါကြောင့်ဒီပုံနဲ့ပတ်သက်ပြီး အခွင့်အရေး မယူချင်ဘူး ရှေ့မထွက် ချင်ဘူး…..
ဒါနဲ့ပဲဒီလိုနေတာပါ… နောက်တစ်ခုကလဲ…၂၀၁၂-၂၀၁၃ လောက်မှာဒီမိုကရေစီ အရေး တော်ပုံနဲ့ပတ် သက်ပြီ..ရုပ်ရှင်၊ ဇာတ်လမ်းတွေရိုက်မယ်ဆိုပြီစာစောင်၊ဂျာနယ်တွေမှာ ဒီဓါတ်ပုံကိုခဏ ခဏ ဖော်ပြလာကြကထဲကရှင်းချိန်တန်ပြီ..ရှေ့ထွက်ဘို့အချိန်တန်ပြီလို့ယူဆလို့ရှင်းတာပါ….ဆေးကျောင်းသားတစ်ယောက် (ဆရာဝန်တစ်ယောက်) အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ့် အချိန်မှာ လုပ်ခွင့်ရပြီးလုပ်နိုင်ခဲ့တာကိုပဲကြေနပ်နေမိပါတယ်….
လူသားတစ်ယောက်အနေနဲ့ဆရာဝန်တစ်ယောက်အနေနဲ့သမိုင်းမှာတာဝန်ကျေပြွန်အောင်ဆောင်ရွက်နိုင်တာကိုပဲဂုဏ်ယူမိပါတယ်…။ကျွန်တော်..အဲဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ “ ရှင်သန်နေဆဲ “ ဆိုတဲ့စာအုပ်ရေးနေပါတယ်…ပြီးလုပါပြီ…စက်တင်ဘာ ၁၉ အမီထွက်ပါမယ်…အဖြစ်အပျက် တွေကို မှတ်တမ်းတင်တာဖြစ်ပါတယ်…။

FROM-Dr Win Zaw
၁။    ငွေရတု နှစ်ပတ်လည်နေ့ ကျင်းပပြီး အရိုးတွန်သံတွေကို နားထောင်မယ့်အစား    
       မြ၀တီ ရေဘေးဒုက္ခသည်ြ့ပည်သူတွေရဲ့ ငြီးငြူမှုလေးကို နားထောင်ပေးကြပါလား။
၂။    သေသွားတဲ့  သူတွေရဲ့ အသက်တွေကို နှမြောတယ်ဆိုရင်လည်း နောက်ထပ်
       အသက်တွေမသေအောင် ကူညီဖေးမကြပါလား။
၃။    အနာဂတ်အတွက်တိုင်းပြည်ကို တွန်းတင်ဖို့ ကြိုးစားရင်း အတိတ်က
       အရိပ်မဲကြီးထဲကနေ ရုန်းထွက်ကြပါလား။

ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ရာသီသိမ်းပွဲစဉ်ဖြစ်သည့် နေပြည်တော် နှင့် ရန်ကုန်အသင်းတို့
ပွဲစဉ်တွင် ဒိုင်လူကြီးကို ၀င်ရောက်ရန်မူခဲ့သူမှာ နေပြည်တော်အသင်းအားပေးသူပရိသတ်သာဖြစ်ကြောင်း
အခိုင်အမာ သိခဲ့ရသည်။
ယင်းပြဿနာမှာ ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ဒေးဗစ်ထန်း၏ လဲကျမှုအနေအထားသည်
(၅၀-၅၀)ရာခိုင်နှုန်းသာဖြစ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ
ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပရိသတ်ကို နေပြည်တော်ကစားသမား ချစ်စမ်းမောင်မှ ရှေ့ဦးစွာ ကွင်းအပြင်
သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် လုံခြုံရေးတာဝန်ရှိသူများက ထိုးကြိတ်နေခဲ့သည်ကို နေပြည်တော်အရံကစား
သမားများက တွေ့ရှိခဲ့ပြီး လက်လွန်မှုမရှိစေရန် ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကို ပြည်တွင်းအားကစားဂျာနယ်တစ်စောင်မှ ဂျာနယ်လစ်တစ်ဦး၏ ပြောပြချက်အရ
နေပြည်တော်အရံကစားသမားဆိုပြီး တိကျစွာရေးသားနေခဲ့ခြင်းကိုလည်း စိတ်မကောင်းဖြစ်မိကြောင်း နေပြည်
တော်အရံကစားသမားတစ်ဦးဖြစ်သူက ဆိုခဲ့သည်။

Credit to Nay Pyi Taw FC
ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့ ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။

အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည ၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင် ၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။

''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃ ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀ နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက ဆိုသည်။

ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ ၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။

“ ကမ္ဘာဦးကာလလူတို့သည် ရုပ်ကောင်း၊ စိတ်ကောင်း
အကျင့်ကောင်း၊ အပြောကောင်း၊ အလုပ်ကောင်းသည့်
လူကောင်းကို လူများစုသဘောကျရွေးချယ်၍ မင်းမြှောက်
ကြသည်။ လူများကရွေးချယ်၍ မြတ်သောမင်းဟု သမုတ်
အပ်သောကြောင့် မဟာ(ဇန)သမ္မတ(သို့မဟုတ်)...သေဋ္ဌ
သမ္မတဟုခေါ်ကြသည်။ တရားသဖြင့်အများပြည်သူတို့
ကျေနပ်နှစ်သက်အောင်ဆောက်ရွက်စီမံအုပ်ချုပ်သောကြောင့်
(ဓမ္မ)ရာဇာဟုခေါ်ကြသည်။

မဟာသမ္မတ၊ ဓမ္မရာဇာတို့၏ ကျင့်ရာသော ဥပဒေတို့ကား..
(၁) ပြည်သူပြည်သားတို့အား စားဝတ်နေရေးပြည့်စုံအောင်
ပေးရခြင်း။ (ဒါန)
(၂) သတ်ခြင်း၊ ခိုးခြင်း၊ ကာမဖောက်ပြန်မှုမပြုရခြင်း၊ မယစ်
မူးရခြင်း။ (သီလ)
(၃) မင်းမှုထမ်းတို့အားလုံလောက်အောင် လစာရိက္ခာထောက်ပံ့
ရခြင်း၊ (ပရိစ္စာဂ)
(၄) တိုင်းပြည်အပေါ် ရိုးရိုးသားသားဖြောင့်ဖြောင့်မတ်မတ်
ကျင့်ရခြင်း၊ တိုင်းပြည်ကို မလိမ်မလည်ရ၊ မလှည့်ပတ်ရခြင်း
(အဇ္ဇ၀)
(၅) ကိုယ်၊နှုတ်၊ စိတ် အားလုံး နူးညံ့သိမ်မွေ့ရခြင်း၊ တိုင်းပြည်ကို
ကြမ်းတမ်းရိုင်းပြစွာ မအုပ်ချုပ်ရ။ (မဒ္ဒ၀)
(၆) တစ်လလျှင် လေးကြိမ်ဥပုသ်ကမ္မဋ္ဌာန်းဖြင့် စိတ်ကို ဆုံးမ
ရခြင်း၊ (တပ)
(၇) တိုင်းပြည်က မည်သို့ပြု၊ ပြောစေကာမူ တိုင်းပြည်အပေါ်
အမျက်မထွက်ရ၊ ရင်ခွင်ကသားငယ်ကို ချစ်ခင်သော မိခင်ကဲ့သို့
စိတ်ထားရမည်။ ( မက္ကောဓ)
(၈)တိုင်းသားပြည်သူတို့ကို မညှဉ်းဆဲရ၊ ကိုယ်စိတ်နှစ်ပါး မပင်ပန်း
စေရ။သက်သာအောင်သာ ဆောင်ရွက်ရမည်။ (အ၀ိဟိံသာ)
(၉) စိတ်ထဲက ဒေါသ အပြင်မထွက်စေရ၊ အနိုင်ရသော်လည်း
တိုင်းပြည်ကို အနိုင်မကျင့်ရ။ (ခန္တီ)
(၁၀) တိုင်းသားပြည်သူအားလုံး၏ လိုအင်ဆန္ဒကို မငြင်းပယ်ရ၊
ဆန့်ကျင်ဘက်မလုပ်ရ။ တိုင်းပြည်က တောင်းဆိုသည်ကို
ဆောင်ရွက်ပေးရမည်။ ကန့်ကွက်သည်ကို မပြုလုပ်ရ၊ ရှောင်ရှား
ရမည်။ ( အ၀ိရောဓန)

သူတို့၏ ကောင်းကျိုးတို့ငှာ ပြည်သူတို့စိတ်ကြိုက်ကျေနပ်သူကို
ရွေးချယ်၍ သမ္မတ၊ရာဇာဟု တင်မြှောက်ခဲ့ကြသည်။ သမ္မတ၊ရဇာ
တို့ ဤသည့်အကျင့်ကိုကျင့်လော့ဟု မင်းတို့စည်းမျဉ်း၊ အခြေခံ
ဥပဒေ ၁၀ချက်ကို ရေးဆွဲ၍ ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်း၊
တရားစီရင်ခြင်း၊ စီမံခန့်ခွဲခြင်းဟူသော သင်္ဂဟာတရား၊ အပရိ
ဟာနယတရား၊ သမ္ပဒါတရား၊ ၀ိဟိဝိနယတရား၊ ဒသရာဇဓမ္မတရား
စသော ဓမ္မသတ်များ၊ အခွင့်အာဏာများကို ပေးအပ်ခဲ့ကြလေသည်။

တိုင်းပြည်၏ အလိုဆန္ဒကို ဆန့်ကျင်ဘက်ပြုရန် ပေါရိသာဒကဲ့သို့သော
မကောင်းသောမင်းများကို မဆိုထားဘိ၊ ဝေဿန္တရာကဲ့သို့သော
ကောင်းသောမင်းများကိုပင် တိုင်းပြည်က လက်မခံ၊ ထီးနန်းချ၍
တိုင်းပြည်မှ နှင်ထုတ်ခဲ့ကြလေသည်။

ထိုအခါ ထမင်းတို့သည် တိုင်းပြည်၏ဆန္ဒကိုမဆန့်ကျင်ရဲ၊ မဆန့်ကျင်
နိုင်ဘဲ ရာဇပလ္လင်မှဆင်း၍တိုင်းပြည်မှ ထွက်ခွာခဲ့ကြရလေသည်။
ဤသည်ကားတိုင်းပြည်ကို တိုင်းပြည်သားများက အုပ်ချုပ်သော၊
တိုင်းပြည်သားများ၏အလိုအတိုင်းသာ အုပ်ချုပ်ရသော မင်းကျင့်တရား
၁၀-ပါးမှ အ၀ိရောဓနဟူသော ကမ္ဘာဦးက ဒီမိုကရေစီအုပ်ချုပ်ရေး
စနစ်ပင်ဖြစ်ပါတော့သည်။
ဓမ္မဟူသည် - သစ္စာ၊
ရာဇဟူသည် - အရှင်
အမှန်တရား -
နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ပုဂ္ဂိုလ်တိုင်းမှာ ထွန်းတောက်ပါစေ။

- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဥာဏိဿရ
သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ဖွေးဖွေး ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲမှာ ဖွေးဖွေးကို ဘယ်လောက်သိလဲ အစီအစဉ်မှ အဖြေမှန်သူ ၁၅ ဦးအား ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဖွေးဖွေးကို ဘယ်လောက်သိသလဲ အစီအစဉ်မှ အဖြေမှန်သူအောက်ပါ (၁၅) ဦး အား ဖွေးဖွေး ၏မွေးနေ့ ပွဲကို အတူဆင်နွဲရန် ဖိတ်ကြားအပ်ပါသည်။

၁။Terry Leong
၂။ Thiri ( La Min)
၃။Kyi Phyu
၎။ Moe Moe ( Princess Pink)
၅။ မကေသွယ်မိုး
၆။ Comet
၇။ ဟန်နီထွန်း
၈။ ဟန်နီကို
၉။ မိုးမိုး
၁၀။ နေခြည်ထူး
၁၁။ မိုးမိုး
၁၂။ Hone Kan
၁၃။ Ju Ju ( Mu So Yu)
၁၄။ ပြည့်ဖြိုး အောင်
၁၅။ မနီနီအောင်

Popular Journal

Monday, August 5, 2013


၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့် ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသော
ငွေကျပ်(၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်း
သိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးအထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များ ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ၅.၈.၂၀၁၃ ရက်နေ့တွင် အမှုမှတရားခံ
များဖြစ်သောကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၊ (ဘ)ဦးတင်ရွှေ၊ ကုမ္ပဏီစက်ပြင်ဝန်ထမ်း၊ တွံတေးမြို့နယ်နှင့် အောင်ကိုကို(ခ)သန်းလှိုင် (ဘ)ဦးမောင်စိုး၊ စက်ချုပ်ဝန်ထမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ်
နေသူတို့(၂)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံများအား စစ်ဆေးချက်များအရ ၎င်းတို့(၂)ဦးသည်
၃.၈.၂၀၁၃ ရက်နေ့ ညနေချိန်တွင် ကုမ္ပဏီမှ အပ်ချုပ်စက်တစ်လုံးပျက်၍ နှစ်ယောက်အတူပြင်နေစဉ် ငွေထိန်းခန်း၌ ထားရှိသောငွေများအား ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး စက်ရုံဆင်းချိန်တွင် ထွက်ခွါခြင်းမပြုဘဲ ပုန်းအောင်နေထိုင်ခဲ့ကြကြောင်း၊ ၀က်အူလှည့်ဖြင့် တံခါးများအားဖွင့်ခဲ့ကာ ရုံးခန်းအပြင်တံခါး၌ တပ်ဆင်ထားသော CCTV အားအခြားတစ်ဖက်သို့ လှည့်ထားခဲ့ပြီး ငွေထိန်းခန်းအတွင်းမှ
ငွေများအား ပီနံအိတ်(၂)လုံးဖြင့်ထည့်၍ခိုးယူခဲ့ကြောင်း၊
လုံခြုံရေးအစောင့်မရှိသောဂိတ်မှတဆင့်အပြင်သို သယ်ယူကာ ကိုင်းတောအတွင်း၌၀ှက်ထားခဲ့ပြီး ဆိုင်ကယ်များဖြင့်ပြန်လာသယ်ယူ၍ တွံတေးမြို့နယ်ရှိ ကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၏နေအိမ်တွင် ၀ှက်သိမ်းထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀)
နှင့် ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်ယူထားသော ရွှေဆွဲကြိုး(၂)ကုံး၊
ဆွဲသီး(၂)ခု၊ ဖုန်း(၂)လုံးတို့အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်



သူတို့လဲ ခုထိ မလွတ်လပ် ကြရှာဘူး ... အလံ တင်တာက ဟုတ်ပါပြီ .. လွတ်လပ်ရေး ရခါစက အလံ ကိုတင်တယ် ဆိုတော့ နောက်ကြောင်း ပြန် ချင်သူ တစ်စု များလား ... နောက် .. မဆီမဆိုင် အမေရိကန်အလံ နဲ့ ကာလီဖိုးနီးယား အလံတွေ က ဘာလို့ ပါလာတာလဲ .. ပြန်လာ ကြပါတော့ မျိုးမကောင်းတွေ ရာ .. မင်းတို့ လုပ်နေတာ ကို ခုခေတ် ပညာတတ် အသိုင်းအသိုင်းက လက်မခံ ကြတော့ပါဘူး .... ဒါ ၈၈ မဟုတ်တော့ဘူး ... ၂၀၁၃ ...
========================

၈၈အရေးတော်ပုံငွေရတုအကြို အလံတင် အခမ်းအနား အမေရိကန်နိုင်ငံ၌ ကျင်းပ

အမေရိကန်နိုင်ငံကယ်လီ ဖိုးနီးယားပြည်နယ်ရှိ ဘားက လေ (Berkeley) မြို့သည် ရှစ် လေးလုံးအရေးတော်ပုံ၌ ကျဆုံး ခဲ့သော ရဟန်းရှင်လူပြည်သူများ ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် နှစ်တိုင်း ဩဂုတ် ၈ရက်ကို မြန်မာ နေ့ (Bruma Day )အဖြစ်သတ် မှတ်၍ အလံတင်ပွဲအခမ်းအနား ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ''ရှစ် လေးလုံးအရေးတော်ပုံ''ငွေရတု ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၃ခုနှစ် ဩဂုတ် ၃ရက် နံနက် ၈နာရီတွင် မြန်မာနိုင်ငံအလံတင် အခမ်းအနားကိုBerkeley မြို့ မြို့တော်ခန်းမအရှေ့ရှိ Civic Center Park ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် လွှင့်တင် ခဲ့သောအလံမှာ မြန်မာနိုင်ငံလွတ် လပ်ရေးရစဉ်က အသုံးပြုခဲ့သော ကြယ်ငါးပွင့်အလံဖြစ်ပြီး အမေ ရိကန်ပြည်ထောင်စု၏အလံ၊ ကယ်လီဖိုးနီးယားပြည်ထောင်စု ၏အလံများနှင့် ယှဉ်တွဲလွှင့်ထူခဲ့ ခြင်းဖြစ်သည်။ အခမ်းအနားတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ အတွင်းရေး မှူး ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ၊Berkeley မြို့ တော်ကောင်စီမှ Mr. Kriss Wor- thington ဦးဆောင် ကျင်းပသော Burmese American Demo-cratic Alliance မှ ဥက္ကဋ္ဌ၊ ၁၉၉၀ ရွေးကောက်ပွဲမှ ပါလီမန်အမတ် လောင်းဦးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ရှစ်လေးလုံး နေ့ အမှတ်တရ အမှာစကားများ ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၉နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Yangon Media Group

ကိုကို အဲရစ်မပါဘဲ
တစ်ယောက်ထဲသွားရမဲ့ ဒီခရီး
သင်သတိထားမိရဲ့ လား...?

ဘယ်အချိန်၊ ဘယ်ကို၊ ဘယ်လို
သွားရမှန်း မသိနိုင်တဲ့  ဒီခရီးအတွက်
အဆင်သင့် ဖြစ်ပြီလား...?

ကိုကိုအဲရစ်မပါဘဲ သွားရမယ့် ဒီခရီးအတွက်
ပူဆွေးသောကရောက်နေရရှာသော

ညု(ဗိုက်တွင်းဖြစ်)
၈၈ အရေးခင်း ကာလမှာ သူများ ယောင်လို့ လိုက်ယောင်မိခဲ့ရင်း လမ်းပျောက်ဖူးတယ် ။
စစ်မှန်သော ကံကြမ္မာရဲ့ သွန်သင်မှုကြောင့် လမ်းမှန်ကို မြင်ခဲ့ရဖူးတယ် ။ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ စေ့စေ့ကြည့်ပြီး မေးကြည့်ပါလား ။ငါ မှားယွင်းနေလား ၊ မှန်နေလားလို့ ... ။လူ ၁ ဦး ၁ ယောက်၏ နှလုံးသားဖြင့် ခံစားပြီး ဦးဏှောက်ဖြင့် ရွေးချယ် ခဲ့သော ဖြစ်ရပ်မှန် ။

မေ့မရနိုင်ခဲ့သောပုံရိပ်များ
၈၈ အရေးအခင်းကာလကပေါ့ .........
ဖေဖေကကျောက်တလုံး ခ.လ.ရ(၈၁) မှာတပ်ခွဲမှူး ဗိုလ်မှူးဘဝနဲ့ ရှေ့တန်း မဲသဝေါစခန်းမှာ အသေအကြေတိုက်နေချိန် ကျွန်မကတော့ရန်ကုန်မှာဆန္ဒပြဖို့စီတန်းလာတဲ့အဖွဲ့ တွေများစွာကို လမ်းထိပ်ထွက်ကြည့်လက်ခုပ်တီးအားပေးလို့ဝေလားဝါးလားပျော်နေချိန်ပေါ့အရေးအခင်းကာလကျောင်းတွေပိတ်သွားတော့အမေကတပ်ကိုမိသားစုနဲ့နေဖို့လှမ်းခေါ်ပါရော ....

ကျွန်မတပ်ကိုလည်းရောက်ရောအမေရဲ့စိုးရိမ်ပူပန်မှုတွေတပ်မိသားစုတွေရဲ့စိတ်ပင်ပန်းဆင်းရဲမှုတွေကျဆုံးစစ်သည်တွေရဲ့မိသားစုမျက်ရည်တွေ တွေ့ လိုက်ရတော့ကျွန်မနှလုံးသားအရောင်ပြောင်း သွားခဲ့ပါတယ် ။ အဲ့ဒီ့အချိန်မှာမဲသဝေါတိုက်နေတဲ့တပ်မ ၆၆ အောက် ကျောက်တလုံး ၈၁ ဆိုတော့စဉ်းစားကြည့်ကြပေါ့ရှင် ....

ကျွန်မရောက်ပြီး နောက်ပိုင်း ဖေဖေရှေ့တန်းမှာဒဏ်ရာရလို့ ဖားအံဆေးရုံကို လိုက်သွားရပါတယ် ။ဖားအံဆေးရုံ လည်းရောက်ရောကျွန်မတွေ့ ခဲ့ရတာတွေကို ဒီနေ့ထိအမှတ်ရနေတုန်းပါ
ဆေးရုံဝင်းထဲလမ်းလျှောက်တဲ့ကော်ရစ်တာမှာရောမြေကွက်လပ်တွေမှာရော တာလပတ်တွေနဲ့ခင်းပြီးဒဏ်ရာရစစ်သည်လူနာတွေဟာအများကြီးပါ ဖေဖေရှိရာအဆောင်ကိုသွားဖို့အဲ့ဒီ့လူနာတွေကိုကျော်ခွပြီးလျှောက်လမ်းတလျှောက်ခြေချစရာမရှိအောင်ရှောင်သွားရပါတယ်။


နေရာတိုင်းမှာသွေးနံ့တွေနဲ့ညှီပြီး ယင်ကောင်တွေကလည်းအနာတွေနားမှာတရုန်းရုန်းနဲ့ပါ ခြေထောက်အပြတ်ကိုမပြီးအော်ဟစ်ညီးညူနေတဲ့သူတွေခွဲခန်းထဲကနေ ထော်လီနဲ့တွန်းပြီးတင်လာတဲ့လူနာတွေရဲ့အော်ညီးသံတွေဆရာဝန်ဆရာမတွေပြေးလွှားနေတာတွေအကုန်မြင်တွေ ခဲ့ရပါတယ် ။

ခုနကကော်ရစ်တာလမ်းတလျှောက်ကလူနာတွေဟာလည်းဒဏ်ရာသေးလို့အပြင်ပို့ထားတာမဟုတ်ပါလူနာထားစရာနေရာမရှိတော့လို့ပါသွေးသံရဲရဲခြေပြတ်လက်ပြတ်နဲ့ဒဏ်ရာရထားတဲ့သူတွေပါသွေးညှီနံ့ဟာလည်းနေရာတိုင်းပါ။အဲ့ဒီ့မြင်ကွင်းတွေတွေ့ခဲ့ရကြုံခဲ့ရတဲ့ကျွန်မဟာရန်ကုန်ပြန်ရောက်ရင်ငါဘာလုပ်သင့်သလဲဆိုတာသေချာသိလိုက်ပါတော့တယ် ။

တပ်မ ၆၆ ခလရ ၈၁ ကျောက်တလုံးရှိတပ်မတော်သားများနှင့်မဲသဝေါတိုက်ပွဲဝင်တပ်မတော်သားများအား
အစဉ်ဦးညွှတ်လျှက်...

ယမင်းသူရ

CDMA မိုဘိုင်းဖုန်းများကို နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် FEC ဖြင့် ကောက်ခံသုံးစွဲနေရာမှ သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ ဖုန်းများကို ပြည်တွင်းခေါ်ဆိုမှုနှင့် ပြည်ပခေါ်ဆိုမှု နှစ်ခုစလုံးအတွက် မြန်မာကျပ်ငွေဖြင့် ပုံမှန်အတိုင်း ခေါ်ဆို၍ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ခေါ်ဆိုခ 1 FEC အတွက် မြန်မာကျပ်ငွေ ၉၀၀ နှုန်းဖြင့် တွက်ချက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးလျက်ရှိသော CDMA မိုဘိုင်းဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် နိုင်ငံခြားငွေလက်မှတ် (FEC) နှင့် ကျခံသုံးစွဲနေရာမှ မြန်မာကျပ်ငွေနှင့် ကျခံသုံးစွဲနိုင်ရေးအတွက် Software Upgrade ပြုလုပ်ခြင်းကို ၁.၈.၂၀၁၃ တွင် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

၎င်းနေ့တွင် Software Upgrade ပြုလုပ်ရာ၌ လက်ရှိသုံးစွဲလျက်ရှိသော CDMA မိုဘိုင်းဖုန်းသုံးစွဲသူများ၏ FEC Account တွင် ကျန်ရှိနေသည့် FEC ငွေများအား 1 FEC လျှင် မြန်မာကျပ်ငွေ ၉၀၀ နှုန်း ဖြင့် တွက်ချက်ပြီး Kyats Account သို့ ပေါင်းထည့်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ပေါင်းထည့်ပေးပြီးနောက် ပုံမှန်အတိုင်း ခေါ်ဆို၍ရရှိနိုင်မည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။ “လက်ရှိက ဆိုင်တွေကနေ နိုင်ငံခြားကိုခေါ်ဆိုမယ့် ဖုန်းကတ်ဝယ်ပြီး ထည့်သွင်းအသုံးပြုရတာဖြစ်ပါတယ်။ ဆိုင်တချို့မှာ အဲ့ဒီကတ်တွေ မရှိတော့ ပြည်ပဖုန်းခေါ်ဆိုဖို့အတွက် အခက်အခဲတချို့တွေ့ခဲ့တယ်” ဟု CDMA ဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် မိုဘိုင်းဖုန်းများအား ယခင် ဘီလ်စနစ်ဖြင့် ပေးဆောင်ရာမှ ကြိုတင်ငွေပေးကတ်စနစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းနောက် ပြည်ပသို့ သီးသန့်ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်းအသုံးပြု၍ ခေါ်ဆိုရသည့်စနစ်ကို မြန်မာကျပ်ငွေဖြင့် ပြေင်းလဲကောက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိ CDMA မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ CDMA 800MHz, CDMA 450 MHz စသည့်ဖုန်းများကို အသုံးပြုလျက်ရှိသည်။

Internet Journal
““ကျွန်တော်တို့ ဗမာတွေမယ် စောက်ကျင့်တစ်ခုရှိတယ်...။ ဘာစောက်ကျင့် တစ်ခုရှိလည်းဆိုရင် ဒါကလည်းဘဲ ကျွန်တော်တို့ ကျွန် ဖြစ်ခဲ့ရတာကြောင့် ဖြစ်ချင်ဖြစ်မယ်...။ ဂျပန်ခေတ်တုန်းက ပုသိမ် ဘက်ကိုသွားတဲ့အခါ လှေ ပြိုင်ပွဲ ကြည့်ခဲ့တယ်...။ လှေတွေ ပြိုင်လိုက်တာ... နိုင်တဲ့အသင်းက ပန်းတိုင်မရောက်သေးဘူး...၊ ရှေ့ကိုနည်းနည်းရောက်တယ်ဆိုရင်ပဲ... တက် ထောင်တယ်...။ ကြွားတာ... ကြွားတာ...၊ တက်ထောင်တာ....။ တခါ ရှုံးတဲ့ နောက်ကျနေတဲ့ လှေ ကလည်းဘဲ... ပန်းတိုင်မရောက်သေးဘူး... ကြိုးစားမယ်ဆိုရင် ကြိုးစားနိုင်သေးတယ်...။ မကြိုးစားချင်တော့ဘူး...။ ရှုံးမှာပါပဲကွာ...ဆိုပြီး ခြေပစ်လက်ပစ်ကို တယ် မခတ်ချင်တော့ဘူး...။ ဒါဟာ ဘာလဲဆိုရင်.. တကယ့် တိုင်းပြည်ထူထောင်တဲ့နေရာမယ်... လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးမဟုတ်ဘူး...။ အဲ့ဒီစိတ်ဓါတ်မျိုးက ကျွန်ဖြစ်တဲ့စိတ်ဓါတ်မျိုး...၊ ကျွန်ဖြစ်မယ့်စိတ်ဓါတ်မျိုး...”

““ဒီတော့ ဘောလုံးပွဲကြည့်...၊ ကျွန်တော်တို့ ဗမာတွေ..ဟုတ်လား...၊ ဘောလုံးပွဲမယ်... ကန်ကြတဲ့အခါမယ်ဆိုရင်...၊ ကိုယ်ကပထမ စ ဂိုးသွင်းရရင်.. အတော်လေး တခါထဲအားတက်လာတယ်...။ နောက်တစ်ခါ တော်တော်လေး ဂိုးလေးများလာပြီဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာပြီ...။ ငါနိုင်မှာပါပဲဆိုပြီး...။ အဲ့ဒါနဲ့နေပြီးတော့ တစ်ဖက်ကနေ အပြီးသတ်ခါကျမှ ကပ်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်..၊ ရှုံးတာဖြစ်ဖြစ်..၊ ကိုယ့်ဘက်က ဂိုးလည်း မသွင်းနိုင်ဘူးဆို အဲ့ဒီအခါကျတော့ လူချတာပဲ...။ ဒါ ကျွန်တော်တို့ဗမာ တွေ ဘောလုံးပွဲတွေ..၊ ဘောလုံးကန်တဲ့အကျင့်....။ အဲ့ဒါဟာ Sporting Spirit မရှိဘူးလို့ခေါ်တယ်....””

““ဒါဘာလဲဆိုလိုရှိရင်... ဗမာတွေစိတ်ထဲမယ်တော.. ဒါ ထင်လိမ့်မယ်ပေါ့...။ ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်...ဘာညာ...။ တလွှဲဆံပင်ကောင်းနေတာနဲ့ အတူတူပဲ....။ ဒီစကားဟာ ဒီလိုနေရာတွေမှာ သုံးဖို့ပဲ...။ ဗမာတွေရဲ့စိတ်ဓါတ်က မဟုတ်တဲ့နေရာတွေမှာ သွားပြီးတော်နေတယ်...။ တကယ့်နေရာတွေမယ်ကျတော့ အသုံးမကျဘူး...။ ဗမာ ဗမာချင်း ချဖို့ရာမှာလုပ်ချင်တယ်...။ အဲ့ဒါမျိုးတွေလုပ်ချင်တယ်...။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး...။ အဲ့တော့ က ကျွန်တော်တို့ အဲ့ဒီလိုစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဖို့လိုတယ်....””

၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းမှ...။



လာမည့် ရက်များအတွင်း အရှေ့ အလယ်ပိုင်း ဒေသနှင့် မြောက် အာဖရိကဒေသ နိုင်ငံများတွင် အယ်လ်ကေဒါတို့ အကြမ်းဖက် တိုက်ခိုက်မှု များ ပြုလုပ်လာဖွယ် ရှိသည်ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် ယင်းနိုင်ငံများတွင် အခြေစိုက်သည့် အမေရိကန် သံရုံးပေါင်း ၂၂ ရုံးနှင့် ကောင်စစ်ဝန် ရုံးများ ရုတ်ခြည်း ပိတ်လိုက်ရသည်ဟု အဆိုပါ သံရုံးများ၏ ထုတ်ပြန်ချက်ကို CNN သတင်းဌာနက ကိုးကား ဖော်ပြသည်။

ထိုသို့ အစွန်းရောက် အကြမ်းဖက်သမားများက တိုက်ခိုက်မည် ဟူသော သတင်း ဂယက်ကြောင့် ယင်းဒေသများသာမက ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန် နစ္စတန်ကဲ့သို့သော မွတ်ဆလင် နိုင်ငံများမှ အမေရိကန် သံရုံးများလည်း ပိတ်ပစ်လိုက်ရသည်။

အရှေ့ အလယ်ပိုင်းဒေသနှင့် မြောက် အာဖရိကမှ အမေရိကန် သံရုံးများ ပိတ်ပစ်ကြောင်း တနင်္ဂနွေနေ့တွင် စတင် သတင်း ထုတ်ပြန်မှုများ ပြု လုပ်ကြောင်း၊ ယင်းဒေသတွင် တနင်္ဂနွေနေ့သည် ရက်သတ္တ တစ်ပတ်၏ ပထမဆုံး အလုပ် စလုပ်သည့်နေ့ ဖြစ်ကြောင်း CNN သတင်းဌာနက ဆိုသည်။

အကြမ်းဖက်သမားများ ရက်ပိုင်းအတွင်း တိုက်ခိုက်လာနိုင်ဖွယ် ရှိသည် ဟူသည့် ထောက်လှမ်းရေး သတင်းများကြောင့် သံရုံးများ သာမက ကမ္ဘာတစ်ဝန်း အမေရိကန် နိုင်ငံသားများ ခရီးသွားလာရာတွင်လည်း သတိပေးချက် ထုတ်ပြန်ရသည်အထိ ဖြစ်ခဲ့ကြောင်း အမေရိကန် လုံခြုံရေး အရာရှိကြီးများ က ပြောကြားသည်။

“ယီမင်မှာဆိုရင် ယခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတာကြောင့် အရေးပေါ် တပ်လှန့်မှုတွေကို အမြင့်ဆုံး အတိုင်းအတာနဲ့ လုပ်ထားရပါတယ်” ဟု အမေရိကန် လုံခြုံရေး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ အယ်လ်ကေဒါများ တိုက်ခိုက်မှု ပြုလုပ်လာဖွယ် ရှိသည်ဟူသော သတင်းမှာ စနေနေ့ ညနေပိုင်းတွင် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) နှင့် အမေရိကန် လုံခြုံရေး အေဂျင်စီများက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံရှိ အမေရိကန် သံရုံး၌ လုံခြုံရေးများ အထူး တင်းကျပ်ထားပြီး တင့်ကား ၁၂ စီးကိုလည်း သံရုံး ပရဝုဏ်နှင့် မီတာ ၅၀၀ အတွင်း ထားရှိထားကြောင်း၊ ယင်းသံရုံးသည် ယမန်နှစ်က ယီမင် ဆန္ဒပြ သမားများ၏ အကြမ်းဖက် စီးနင်းခြင်း ခံခဲ့ရကြောင်း အမေရိကန် အရာရှိ ကြီးများက ဆိုသည်။

အခြားသော သတင်းများအရ အမေရိကန်ပြည်ထောင်စု သာမက ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ ကလည်း ယီမင်နိုင်ငံရှိ ၎င်းတို့၏ သံရုံးများ ကို ပိတ်သည်ဟု ကြေညာကြောင်း၊ သို့သော် အခြားနိုင်ငံ သံရုံးများကိုမူ ဂယက် ရိုက်ခတ်မှု မရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အယ်လ်ကေဒါတို့ တိုက်ခိုက်မည် ဟူသော သတင်းသည် အရှေ့ အလယ်ပိုင်း ဒေသတွင် သာမက ကမ္ဘာ တစ်ဝန်း၌ အနောက်နိုင်ငံ ပစ်မှတ်များမှာ ခြိမ်းခြောက်မှု ခံနေရပြီ ဟူသော အချက်ကို ဖော်ပြလိုက်ရာ ရောက်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

ယင်းသတင်းကြောင့် အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် တပ်ဖွဲ့များ ကိုလည်း အနီရောင်အဆင့် အရေးပေါ် တပ်လှန့်မှု ပြုလုပ်ထားကြောင်း လုံခြုံရေး အရာရှိကြီးများက ဆိုသည်။
Myanmar Express Group


အကောဓေန ဇိနေ ကောဓံ၊
အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊
သစ္စေနာ လိက၀ါဒိနံ။

အမျက်ထွက်သူကို အမျက်မထွက်ဘဲ သည်းခံခြင်းဖြင့် အနိုင်ယူရာ၏။
စိတ်ကောင်းမရှိသောသူကို မိမိဖက်က စိတ်ကောင်းထားခြင်းဖြင့် အနိုင်ယူရာ၏။
မပေးရက် မလှူရက် ကပ်စေးနှဲသောသူကို ပေးကမ်းလှူဒါန်းခြင်းဖြင့် အနိုင်ယူရာ၏။
မဟုတ်မမှန် လုပ်ကြံပြောဆိုတတ်သောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အနိုင်ယူရာ၏။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အလံပြဘုရားလမ်းဆုံရာ ရထား ခုံးကျော်တံတားပေါ်မှ ပါဂျဲရိုးယာဉ်တစ်စီး အရှိန်လွန်ကာ ရထားသံလမ်းပေါ် ပြုတ်ကျ တိမ်းမှောက်မှု သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် မစိုးစိုးယုနှင်း မောင်းနှင်လာသော အဆိုပါယာဉ်သည် သံဈေးမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့အပြန် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အလံပြဘုရားပေါ်ရှိ ခုံးကျော်တံတားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းကို ကျော်တက်၍ တံတားလက်ရမ်းတိုင်ကို တိုက်ကာ ရထား သံလမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ဝုန်းဆိုတဲ့ အသံကြားပြီး စက္ကန့်ပိုင်းမှာပဲ သံလမ်းပေါ်ကို ကားခေါင်းစိုက်ကျလာပြီး ပက်လက်လန် သွားတယ်၊ လူတွေညပ်ပြီး ထွက်လို့မရဘူး၊ ကျွန်မတို့က လေးငါးယောက်ပဲရှိတော့ ဘူတာက လူတွေ ကို အော်ခေါ်ပြီး လူ ၁၅ ယောက်လောက်က ကားကို ဝိုင်းတွန်းပြီး အထဲကလူတွေကို မနည်းဆွဲ ထုတ်ခဲ့ ရတာ” ဟု ရန်ကုန်ဘူတာကြီးတွင် ဈေးရောင်းနေစဉ် လိုက်လံ ဖမ်းဆီးသဖြင့် အဆိုပါ ခုံး တံတားအောက် တွင် လာရောက် ပုန်းခိုနေသူ အသက် ၃၀ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးက ပြော ကြားသည်။

ယာဉ်ပြုတ်ကျစဉ် အသက်ကယ်လေအိတ် ပွင့်ထွက်ခြင်းသည်ကို တွေ့ခဲ့ရကြောင်းနှင့် ယာဉ်မောင်းသူ အမျိုးသမီး တံတောင်ဆစ်တွင် သွေးထွက်နေသည်ကို တွေ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ရန် ယာဉ်ပေါ်တင်ဆောင်စဉ် သတိမေ့ခဲ့ကြောင်း၊ အဆိုပါ ယာဉ်ပေါ်လိုက်ပါလာသူ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူမှာ နှာခေါင်းမှ သွေးများထွက်နေပြီး လမ်းမလျှောက်နိုင်သော်လည်း သတိမေ့ခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းသူသည် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာ သင်ကြားနေသူတစ်ဦး ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါသူများကို လတ်တလော စစ်ဆေးချက်အရ သာမန်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ရဲအရာရှိက ပြောကြားသည်။

“ကားသေးဆိုရင် ဒီလိုကျဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ပါဂျဲရိုးက အတက်ကားဆိုတော့ အရှိန်နဲ့ ပလက်ဖောင်းတုံးကို တိုက်မိချိန်မှာ လီဗာကို ဆောင့်နင်းလိုက်သလို ဖြစ်ပြီး ခုန်ထွက် သွားတာ လည်း ဖြစ်နိုင်ပါတယ်” ဟု အခင်းဖြစ်စဉ်ကို ကြည့်ရှုသူ အမျိုးသားတစ်ဦး က ပြောကြား သည်။

ယာဉ်ပြုတ်ကျ တိမ်းမှောက်မှုကို ယာဉ် ( ပ ) ၂၉/၁၃၊ ပြစ်မှု ပုဒ်မ-၂၇၉/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


Friday, August 2, 2013







ကရင်ပြည်နယ် အတွင်း ဇူလိုင် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘားအံမြို့ နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ရေဘေး အန္တရာယ်နှင့် ကြုံတွေ့လျက်ရှိရာ ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး
စခန်းများသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် သောက်သုံးရေနှင့် စားသောက် ဖွယ်ရာများအား ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် တပ်မတော်မှ မော်တော်ယာဉ်များဖြင့် သောက်ရေသန့် ၂၁၆၇ကတ်၊ ရွှေဖီဦး တီးမစ် ၃ဝဝဖာ၊ ခေါက်ဆွဲခြောက် ၅ဝဝဖာ၊ ငါးဘူး ၅၂ ဖာ၊ ဘီစကွတ် ၉ဖာ တို့ကို လည်းကောင်း၊ သြဂုတ် ၁ရက် ညနေပိုင်းတွင် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် သောက်သုံးရေသန့် ၃၅၅ ကတ်၊ ဆေးပစ္စည်း ၃ဝဖာ၊ မာမီးခေါက်ဆွဲ ၂၅ ဖာတို့ကို လည်းကောင်း ကူညီပို့ဆောင် ပေးခဲ့ကြောင်းနှင့် ပြည်သူများသို့ အချိန်မီပေး အပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

Thursday, August 1, 2013


မိဘပြည်သူများခင်ဗျား ...

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံများကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ အလုပ် သဘောခရီးသွားရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သမိုင်းကြောင်းရှည်ကြာ ပတ်သက်မှုတွေရှိခဲ့ကြတဲ့ ဗြိတိန်နဲ့ပြင်သစ် နိုင်ငံများကို မြန်မာနိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းဖြစ်တဲ့ ယခုလိုအချိန်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ လွှတ်တော်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ကိစ္စတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခကိစ္စတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များထဲမှာ အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေအတွက် တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။  

ဒါ့အပြင် စီးပွားရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီကြီးများနဲ့လည်း တွေ့ဆုံပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလိုအပ်ဆုံးဖြစ်တဲ့ တာဝန်သိပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ တိုးတက်စေဖို့ ဆွေးနွေးဆောင်ရွက် နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနီးချစ်ကြည်မှု တိုးတက်စေဖို့အတွက် အရပ်ဘက် အဖွဲ့အစည်း များကိုလည်း တွေ့ဆုံခဲ့ပါတယ်။

အပြောင်းအလဲကာလမှာလိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေ၊ ထောက်ခံမှုတွေနဲ့ နားလည်ပေးမှုတွေကို ရရှိဖို့အတွက် အရေးကြီးတဲ့ နိုင်ငံခြားခရီးစဉ်များကိုလည်း ကျွန်တော့်အနေနဲ့ အချိန်ပေးသွားရောက်နေခြင်းလည်း ဖြစ်ပါတယ်။

ဇူလိုင်လဟာဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဝမ်းနည်းစရာတွေ၊ သံဝေဂရစရာတွေ ရှိနေသလို တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းသင်ခန်းစာယူစရာတွေလည်း အပြည့်ရှိနေပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာ တိုင်းပြည် အတွက် ဘယ်လောက်ထိခိုက် နစ်နာစေခဲ့တယ် ဆိုတာ မိဘပြည်သူများအသိပဲ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီ အလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူအဆတွေကို ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်တွေကို လက်မခံနိုင်တဲ့သူများ အစွန်းရောက်နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးကျိုးကြီးမားနိုင်တယ်ဆိုတာကို အမြဲသတိပေးနေတာလည်း ဖြစ်ပါတယ်။

တိုင်းပြည် လွတ်လပ်ရေးရအောင် ဆောင်ကြည်းပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဆိုရင် မြန်မာ့သမိုင်းမှာ မမေ့ထိုက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများ၊ ကျဆုံးလေပြီးတဲ့ ခေါင်းဆောင်များရဲ့ ကျေးဇူးတရားတွေကို အမြဲအမှတ်ရနေရမယ့် နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ ဒီလို ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အစိုးရအနေနဲ့လည်း နိုင်ငံတော်အဆင့်  ခမ်းခမ်းနားနား ဂါရ၀ပြုခဲ့သလို အများပြည်သူလူထုကလည်း အထူးသဖြင့် လူငယ်တွေကိုယ်တိုင် တက်တက်ကြွကြွနဲ့ တစ်ခဲနက် ဂုဏ်ပြုနိုင်ခဲ့တာဟာလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အောင်မြင်မှု တစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပြည်သူအများသိရှိပြီး ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားခရီးစဉ် မထွက်ခွာမီမှာ တစ်ကြိမ်၊ နိုင်ငံခြား ခရီးစဉ်က ပြန်ရောက် ရောက်ချင်း ၂၂ ရက်နေ့မှာ တစ်ကြိမ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင် လူကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူ့အခွင့် အရေးကော်မရှင်က တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ပဋိပက္ခကာကွယ် တားဆီးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အကြောင်းတိုက်ဆိုင်တဲ့အတွက် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ပြောကြားလိုပါတယ်။ အဲ့ဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ မြွက်ကြားခဲ့တဲ့အပြင် ဘာသာတရားက သစ္စာ၊ မေတ္တာ နဲ့ သမ္မာ အာဇီဝ၊ သမ္မာကမ္မန္တတို့ကို ဓမ္မ အနေနဲ့ ဟောကြားပြီး လူမှုမှာလည်း ဒီဓမ္မတွေကို လေးစားကြောင်း လူမှုတိုးတက်ရေးနဲ့ ဘာသာရေးတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် သဘော မဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာတရားရဲ့ နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြုပြီး၊ မတရားတဲ့အမှုတွေကိုပြုရင်တော့ လူ့အဖွဲ့အစည်းက အဲဒီမတရားမှုကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေးကို ပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာန စပ်ကြား စည်းတားရပေလိမ့်မည်လို့ ဆိုခဲ့ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏လို့ ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံအခြေအနေမှာ များစွာ စဉ်စားစရာ၊ များစွာ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိုးတက်လာမှုအချို့ကိုလည်း  အသိပေး ပြောကြားလိုပါတယ်။ လတ်တလော အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များဟာ SSPP/SSA အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ “ဝ” အထူးဒေသ (၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံဆွေး နွေးနိုင်ခဲ့သလို နှစ်ဖက်သဘောတူညီချက်တွေလည်း ထုတ်ပြန်ကြေညာ နိုင်ခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာလည်း ကေအိုင်အေ အဖွဲ့ရဲ့ နည်းပညာအဖွဲ့ အကြံပေးရုံးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေး နွေးရာမှာ ထိထိရောက်ရောက်ရှိစေမယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်လင်းလာပြီးလို့ ဆိုရမှာဖြစ်ပါတယ်။။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မကြာမီမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲ့ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကနေ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန် ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ချို့မြို့နယ်တွေမှာ မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအချို့ ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရှိရပါတယ်။ တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှု မရှိစေရန်နှင့် သီးနှံအသစ်များ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

by president office
လင်းလင်းရဲက အိပ်မက်ထဲကစစ်သားကြီးကို နားထောင်ကြည့်တယ်။ သူ့ခံစားချက်နဲ့သူစပ်တာမို့ အပြစ်မပြောလိုပေမယ့် အခုလို ၀ါးလုံးရှည်နဲ့သိမ်းရမ်းတာတော့ မကောင်းဘူး။ စစ်ဗိုလ်ချုပ်တွေမကောင်းရင် စစ်ဗိုလ်ချုပ်တွေကိုပဲ ရေးစပ်သင့်တယ်။ စစ်သားအားလုံးကို သိမ်းကျုံးရေးစပ်သွားတာတော့ မကောင်းဘူး။

လူ လူချင်းသတ် တဲ့။ ဗိုလ်ချုပ်အောင်ဆန်းသာ စစ်တိုက်ပြီး လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။

ဘုရင့်နောင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

ဗန္ဒုလစစ်သူကြီးသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။

ဗလမင်းထင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

မဟာသီဟသူရသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

ဗိုလ်မှုးချုပ်ကျော်ဇောသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

မြစ်ကြီးနားကပြန်ခဲ့တော့ သံလမ်းရိုးတစ်လျှောက်မှာ စစ်သားလေးတွေ ခံတုတ်ကျင်းကလေးတွေနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး လူထုကို ကာကွယ်ပေးနေတာတွေ့ရတယ်။ ကိုယ်တိုင်က တရားမျှတတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားရင် အဲဒီလိုအနစ်နာခံနေတဲ့ တပ်သားလေးတွေကို ထည့်ပြီး ရေးစပ်သင့်တာပေါ့။

သံမဏိလိပ်ပြာလို့ တင်စားတဲ့ ဒေါ်စုဟာ တိုင်းပြည်အတွက် အနစ်ခံခဲ့တာ မှန်ပါတယ်။ ဒေါ်စုလိုအနစ်နာခံတဲ့သူတွေလဲ အများကြီးပါ။ ဒေါ်စုက ကျယ်ဝန်းလှပတဲ့ခြံကျယ်ကြီးထဲမှာ စားချင်တာချက်စားပြီး နေအိမ်အကျယ်ချုပ်နဲ့ အနစ်နာခံနေချိန်မှာ ထောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ ထောင်ဝန်ထမ်းတွေ နှိပ်စက်ညှဉ်းပန်းသမျှခံပြီး လူမသိသူမသိနဲ့ အနစ်နာခံပြီး သေဆုံးခဲ့ကြသူတွေလဲ အများကြီးပါ။

အရှင်ခေမာနန္ဒ- မိုးသု-မန္တလေး

(၈၆)နှစ်မြောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၃ဝရက် ညပိုင်း တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး  ဒေါ်မာမာဝေတို့ တက်ရောက် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့သော အထိမ်းအမှတ် ပန်းခြင်းကို ဗိုလ်ချုပ်ကြီး လှဌေးဝင်းက တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ စစ်သံမှူး Sr.Col- Xiong Shaoweiထံ ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဇနီးတို့က တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ (၈၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ် ပေးကြသည်။ ထို့နောက် ဧည့်ခံပွဲ တက်ရောက် လာကြသူများအား တရုတ် သံအမတ်ကြီးနှင့် စစ်သံမှူးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့် ခံခဲ့ ကြောင်း သတင်း ရရှိသည်။

by မြ၀တီ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် မိုးတွင်းကာလအတွင်း၌ နေ့ခင်းဘက် ခိုးမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇူလိုင် ၃၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်အတွင်း ခိုးမှုပေါင်း ၁၁၃ မှု၊ အနောက်ပိုင်း ခရိုင်တွင် ၁၁၄ မှု၊ တောင်ပိုင်းခရိုင်တွင် ၂၄ မှု၊ မြောက်ပိုင်းခရိုင်တွင် ၅၄ မှု စုစုပေါင်း ၃၀၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးတွင်းကာလ၌ ဖြစ်ပွားခဲ့သည့် ခိုးမှုဖြစ်စဉ် ၃၀၅ မှု အနက်မှ နေ့ဘက်တွင် ခိုးမှုဖြစ်စဉ် ၁၇၆ မှု ဖြစ်ပွားခဲ့ပြီး ညဘက်ခိုးမှု ၁၂၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှုအများအပြား ဖြစ်ပွားနေမှုကြောင့် နေအိမ်အတွင်း မိမိ၏ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းရန်နှင့် ပတ်ဝန်းကျင် အိမ်နီးနားချင်း စောင့်ရှောက်မှု အားနည်းနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

"အနောက်ပိုင်း ခရိုင်အတွင်းမှာ နေအိမ်အတွင်းမှာရှိတဲ့ ပစ္စည်းတွေ အခိုးခံရမှုနဲ့ ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ အများအပြား ဖြစ်နေတယ်။ ဒါကြောင့် မြို့နယ်အလိုက် သီးခြားအဖွဲ့တွေ ခွဲပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ယာဉ်လိုင်းပေါ်မှာ ခရီးသည်တစ်ဦးက ခါးပိုက်နှိုက်ခံ နေရတယ်ဆိုတာကို ဘေးလူတွေက မြင်ပေမယ့် ၀ိုင်းဝန်းကူညီမှုတွေလုပ်တာ အရမ်းအားနည်းတယ်။ ရဲစခန်းကို ခိုးမှုနဲ့ပတ်သက်ပြီး လာရောက်တိုင်တန်းတဲ့ အခါမှာလည်း မိမိသိရှိတဲ့ အကြောင်းအရာတွေကို အကုန်မပြောတဲ့အတွက် ဖော်ထုတ်တဲ့အပိုင်းမှာလည်း အခက်အခဲတွေ ဖြစ်တယ်။ အဓိကကတော့ ပြည်သူတွေ အနေနဲ့ သိတာတွေ၊ မြင်တာတွေ၊ မသင်္ကာတာတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးရတာ ပိုလွယ်သွားမှာပါ" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

လှိုင်မြို့နယ် ရဲစခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က "ခိုးမှုဖြစ်စဉ်တွေ အများစု ဖြစ်ပွားရတာက မိမိအိမ်တံခါးကို ဂျက်ဖွင့်ထားတာတွေရယ်၊ သံပန်းတံခါးတွေကို သော့မခတ်ထားခဲ့ဘဲ အပြင်ထွက်သွားတာတွေကြောင့် ခိုးမယ့်သူက အလစ်ကို စောင့်ကြည့်ပြီး ခိုးမှုတွေ ကျူးလွန်တာပါ။ နောက်ပြီး သတိပြုရမှာက နေ့လယ်ဘက် မိုးရွာနေပြီး လူသွားလူလာ ပြတ်နေတယ်ဆိုရင်လည်း အကာအကွယ်ယူပြီး ခိုးမှုတွေ ကျူးလွန်တတ်လို့ ကိုယ့်အိမ်တံခါးကို သေချာသော့ခတ်ပြီးမှ အပြင်ထွက်သင့်ပါတယ်" ဟု ပြောကြားသည်။

ခိုးမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုများမှာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၂ မှု၊ ကမာရွတ် မြို့နယ်တွင် ၂၁ မှု၊ လှိုင်သာယာမြို့နယ်တွင် ၁၉ မှု၊ တာမွေတွင် ၁၈ မှု၊ လှိုင်မြို့နယ်တွင် ၁၅ မှု၊ ဗဟန်းမြို့နယ်တွင် ၁၄ မှု၊ မ/ဥက္ကလာပ မြို့နယ်တွင် ၁၃ မှု၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ၁၁ မှု၊ ဒဂုံတောင်မြို့နယ်တွင် ၁၁ မှု၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၁၀ မှုတို့ ဖြစ်သည်။

Eleven Media Group